ကောရိန္တုဩဝါဒစာပထမစောင် 9:21
ထိုနည်းတူစွာလူမျိုးခြားများထံတွင် အမှု တော်ဆောင်စဉ်သူတို့ကိုကယ်တင်နိုင်ရန် ပညတ် တရားကိုမကျင့်သုံးဘဲ လူမျိုးခြားကဲ့သို့ နေထိုင်၏။ ဤသို့ဆိုရာ၌ငါသည်ဘုရား သခင်၏ပညတ်တော်ကို မလိုက်နာဟုမဆို လို။ အမှန်အားဖြင့်ဆိုသော် ငါသည်ခရစ်တော် ၏တရားတော်ကို လိုက်နာကျင့်သုံးသူဖြစ် သည်။-
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 9
Cross References
Psalms 119:32ကိုယ်တော်ရှင်သည်ကွန်တော်မျိုးအားအသိဉာဏ် ပိုမိုပွင့်လင်းစေတော်မူမည်ဖြစ်၍ ကွန်တော်မျိုးသည်အမိန့်တော်တို့ကို စိတ်အားထက်သန်စွာလိုက်နာပါမည်။
Acts 15:28ရုပ်တုများအားပူဇော်ထားသည့်အစား အစာကိုမစားနှင့်။ သွေးကိုလည်းမစားနှင့်။-
Acts 21:25ယုံကြည်သူလူမျိုးခြားတို့အတွက်မူကား ရုပ်တုများကိုပူဇော်သည့်အစားအစာ၊ သွေး၊ လည်ညှစ်သားတို့ကိုမစားရန်နှင့်ကာမဂုဏ် လိုက်စားမှုကိုရှောင်ကြဉ်ရန် ငါတို့စီရင်ဆုံး ဖြတ်၍သူတို့ထံသို့စာရေးအကြောင်း ကြားပြီးပါပြီ'' ဟုဆိုကြ၏။
Romans 2:14လူမျိုးခြားတို့သည်မောရှေ၏ပညတ်တရား ကိုမခံယူမရရှိကြသော်လည်းပညတ် တရား၏ပြဋ္ဌာန်းချက်များကို မိမိတို့အလို ဆန္ဒအလျောက်ပြုကျင့်ကြသောအခါယင်း တို့သည်မိမိတို့အဖို့ပညတ်တရားဖြစ် လာ၏။-
Romans 7:25ငါတို့အရှင်သခင်ယေရှုခရစ်အားဖြင့်ကယ် ဆယ်တော်မူသောဘုရားသခင်၏ကျေးဇူး တော်သည်ကြီးလှစွတကား။ အချုပ်အားဖြင့်ငါ၏ဖြစ်ရပ်ကိုဖော်ပြရသော် ငါသည်စိတ်အားဖြင့် ဘုရားသခင်၏တရားတော် အောက်အစေခံသော်လည်းဇာတိသဘောအား ဖြင့်အပြစ်တရားအောက်အစေခံ၏။
Romans 13:8အချင်းချင်းထံမေတ္တာကြွေးမှတစ်ပါးအဘယ် ကြွေးမျှမတင်စေနှင့်။ သူတစ်ပါးအားချစ် သောသူသည်ပညတ်တရားကိုစောင့်ထိန်း သူဖြစ်၏။-