တမန်တော်ဝတ္ထု 15:28
ရုပ်တုများအားပူဇော်ထားသည့်အစား အစာကိုမစားနှင့်။ သွေးကိုလည်းမစားနှင့်။-
Common Language Bible
In The King James Version
In Context
Cross References
Matthew 23:4သူတို့သည်လေးလံ၍အထမ်းရခက်သည့်ဝန်ထုပ် များကိုသူတစ်ပါးတို့အားထမ်းစေကြ၏။ မိမိ တို့ကိုယ်တိုင်မူထိုဝန်ထုပ်များကိုလက်ဖျားနှင့် မျှမတို့လိုကြ။-
Acts 5:32ဤအမှုအရာများနှင့်ပတ်သက်၍ ငါတို့ သည်အသိသက်သေဖြစ်ကြ၏။ ဘုရားသခင် ၏အမိန့်ကိုနာခံသူတို့အားချပေးတော်မူ သည့်ဆုကျေးဇူးတည်းဟူသော ဝိညာဉ်တော် သည်လည်းအသိသက်သေဖြစ်တော်မူ၏'' ဟု ပြန်၍ပြောကြားကြ၏။
Acts 15:19ယာကုပ်ကဆက်လက်၍ ``ထို့ကြောင့်ဘုရား သခင်ထံပြောင်းလဲလာကြသူ လူမျိုးခြား တို့အခက်ကြုံစေရန်ငါတို့မပြုသင့်။-
1 Corinthians 7:25သင်တို့စာရေးမေးမြန်းသည့်အိမ်ထောင်မပြုဘဲ နေရေးကိစ္စနှင့်ပတ်သက်၍ငါပြောမည့်စကား သည် ငါ့အားသခင်ဘုရားမိန့်တော်မူချက်အရ ပြောသောစကားမဟုတ်။ သို့ရာတွင်သခင်ဘုရား ၏ကရုဏာတော်ကြောင့်ယုံကြည်ထိုက်သူတစ် ယောက်အနေဖြင့် ငါ၏ထင်မြင်ချက်ကိုဖော်ပြ လိုက်ပါသည်။
1 Corinthians 14:37မိမိကိုယ်ကိုဘုရားသခင်၏ဗျာဒိတ်တော် ပြန်ကြားသူဖြစ်သည်ဟူ၍လည်းကောင်း၊ ဝိညာဉ် ဆုကျေးဇူးရရှိသူဖြစ်သည်ဟူ၍လည်းကောင်း ယူဆသောသူသည် ယခုငါရေးလိုက်သော စကားတို့သည်သခင်ဘုရား၏ပညတ်ဖြစ် ကြောင်းသိမှတ်စေ။-
1 Peter 1:12ထိုသူတို့ယင်းအကြောင်းအရာများကိုဟော ပြောကြသည်မှာမိမိတို့အကျိုးအတွက် မဟုတ်။ သင်တို့အကျိုးအတွက်ဖြစ်ကြောင်း သင်တို့အားဘုရားသခင်ဖော်ပြတော်မူ ပေသည်။ သင်တို့ထံသတင်းကောင်းကိုယူ ဆောင်လာသူများသည်ထိုပရောဖက်တို့ ကြိုတင်ဟောပြောသည့်အကြောင်းအရာ များကို ကောင်းကင်ဘုံမှသန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးအားဖြင့်သင်တို့ အားဖော်ပြကြေညာသဖြင့်သင်တို့ကြား ရကြပြီ။ ထိုအရာများအကြောင်းကို ကောင်းကင်တမန်များပင်လျှင်သိရှိ နားလည်လိုကြပေသည်။