ရှင်ယောဟန်ဩဝါဒစာပထမစောင် 3:4
အပြစ်ကူးခြင်းသည်ပညတ်တော်ကိုချိုး ဖောက်ခြင်းဖြစ်သဖြင့် အပြစ်ကူးသူမှန် သမျှသည်ပညတ်တော်ကိုချိုးဖောက်သူဖြစ်၏။-
Common Language Bible
In The King James Version
Whosoever committeth sin transgresseth also the law: for sin is the transgression of the law.
In Context
Read all of ရှင်ယောဟန်ဩဝါဒစာပထမစောင် 3
Cross References
1 Samuel 15:24ထိုအခါရှောလုက``မှန်ပါ၏။ အကျွန်ုပ်သည် အပြစ်ကူးလွန်မိပါပြီ။ အကျွန်ုပ်သည်ထာဝရ ဘုရား၏အမိန့်တော်ကိုလည်းကောင်း၊ အရှင်၏ ညွှန်ကြားချက်များကိုလည်းကောင်းလွန်ဆန်မိ ပါပြီ။ မိမိ၏လူတို့ကိုကြောက်သဖြင့် အကျွန်ုပ် သည်သူတို့၏ဆန္ဒအတိုင်းပြုမိပါ၏။-
1 Chronicles 10:13ရှောလုမင်းကွယ်လွန်တော်မူရခြင်းအကြောင်း မှာ သူသည်ထာဝရဘုရားအပေါ်သစ္စာဖောက် သောကြောင့်ဖြစ်၏။ သူသည်ထာဝရဘုရား၏ အမိန့်တော်တို့ကိုလွန်ဆန်ခဲ့၏။-
Isaiah 53:8လူတို့သည်သူ့ကိုဖမ်းဆီးပြီးလျှင်သေဒဏ် စီရင်ကြ၏။ ထိုနောက်အသေခံစေရန်ထုတ်ဆောင်သွားကြ၏။ သို့ရာတွင်သူကြုံတွေ့ရမည့်ကံကြမ္မာကို အဘယ်သူမျှဂရုမစိုက်ကြ။ သူသည်ငါတို့အမျိုးသားတို့၏အပြစ်များ အတွက် သေဒဏ်စီရင်ခြင်းခံရ၏။
Romans 3:20ပညတ်တရား၏ပြဋ္ဌာန်းချက်များကိုစောင့် ထိန်းခြင်းအားဖြင့် အဘယ်သူမျှဘုရားသခင် နှင့်မှန်ကန်စွာမဆက်ဆံနိုင်။ ပညတ်တရား ၏ဆောင်ရွက်ချက်မှာလူတို့သည် မိမိတို့ အပြစ်ကူးလွန်သူများဖြစ်ကြောင်းကို သိရှိလာစေရန်ပင်ဖြစ်၏။
Romans 7:7သို့ဖြစ်လျှင်ငါတို့မည်သို့ဆိုရမည်နည်း။ ပညတ်တရားသည်ဆိုးယုတ်သည့်အရာဖြစ် သည်ဟုဆိုရမည်လော။ သို့ရာတွင်အပြစ်ဟူ သည်မှာအဘယ်အရာဖြစ်သည်ကို ငါ့အား ပညတ်တရားကသိရှိစေ၏။ အကယ်၍ ပညတ်တော်က ``လောဘလွန်ကူးခြင်းမရှိ နှင့်'' ဟုမဆိုလျှင်လောဘလွန်ကူးခြင်း ဟူသည်မှာအဘယ်အရာဖြစ်ကြောင်းကို ငါသိရှိလိမ့်မည်မဟုတ်။-
James 2:9သို့ရာတွင်မျက်နှာကြီးငယ်လိုက်ကြပါမူ အပြစ်ကူးသူများဖြစ်၍ထိုပညတ်တော် အားဖြင့်အပြစ်သင့်လိမ့်မည်။-