The Bible Software
bible.software › ရောမဩဝါဒစာ › ရောမဩဝါဒစာ 3 › ရောမဩဝါဒစာ 3:20

ရောမဩဝါဒစာ 3:20

ပ​ညတ်​တ​ရား​၏​ပြ​ဋ္ဌာန်း​ချက်​များ​ကို​စောင့် ထိန်း​ခြင်း​အား​ဖြင့် အ​ဘယ်​သူ​မျှ​ဘုရား​သ​ခင် နှင့်​မှန်​ကန်​စွာ​မ​ဆက်​ဆံ​နိုင်။ ပ​ညတ်​တ​ရား ၏​ဆောင်​ရွက်​ချက်​မှာ​လူ​တို့​သည် မိ​မိ​တို့ အ​ပြစ်​ကူး​လွန်​သူ​များ​ဖြစ်​ကြောင်း​ကို သိ​ရှိ​လာ​စေ​ရန်​ပင်​ဖြစ်​၏။

Common Language Bible

In The King James Version

Therefore by the deeds of the law there shall no flesh be justified in his sight: for by the law is the knowledge of sin.

In Context

19ပ​ညတ်​တ​ရား​တွင်​ပါ​ရှိ​သည့်​ပြ​ဋ္ဌာန်း​ချက်​မှန် သ​မျှ​သည် ပ​ညတ်​တ​ရား​စိုး​မိုး​မှု​လက်​အောက် တွင်​ရှိ​နေ​သူ​များ​အ​တွက်​ဖြစ်​ကြောင်း​ယ​ခု ငါ​တို့​သိ​ကြ​၏။ ဤ​သို့​ဖြစ်​ရ​ခြင်း​အ​ကြောင်း မှာ​လူ​တို့​၏​ဆင်​ခြေ​ဆင်​လက်​မှန်​သ​မျှ​ကို ရပ်​စဲ​စေ​ရန်​နှင့် လူ​သား​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​တော်​မူ​ခြင်း ကို​ခံ​စေ​ရန်​ဖြစ်​ပေ​သည်။-

21သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ဘု​ရား​သ​ခင်​သည် လူ​သား​အား​မိ​မိ​နှင့်​အ​ဘယ်​နည်း​ဖြင့် မှန်​ကန် စွာ​ဆက်​ဆံ​စေ​ကြောင်း​သိ​သာ​ထင်​ရှား​လာ ပေ​ပြီ။ ဤ​နည်း​သည်​တ​ရား​ဥ​ပ​ဒေ​နှင့်​လုံး​ဝ မ​သက်​ဆိုင်။ သို့​ရာ​တွင်​ဤ​အ​ကြောင်း​ကို မော​ရှေ​၏​ပ​ညတ်​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း များ​က​သက်​သေ​ခံ​ကြ​၏။-

Read all of ရောမဩဝါဒစာ 3

Cross References

Job 25:4သို့ဖြစ်၍ လူသည် ဘုရားသခင်ရှေ့တော်၌ ကုသိုလ်ကို အဘယ်သို့ရနိုင်သနည်း။ လူမိန်းမဘွားမြင် သောသူသည် အဘယ်သို့ သန့်ရှင်းနိုင်သနည်း။

Psalms 143:2ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ကျွန်​တော်​မျိုး​နှင့် တ​ရား​ဆိုင်​တော်​မ​မူ​ပါ​နှင့်။ ရှေ့​တော်​တွင်​အ​ပြစ်​ကင်း​သူ​တစ်​ဦး​တစ်​ယောက်​မျှ မ​ရှိ​ပါ။

Romans 2:13လူ​သည်​ပ​ညတ်​တ​ရား​ကို​ကြား​နာ​ရုံ​ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ်​သူ မ​ဖြစ်​နိုင်။ ပ​ညတ်​တ​ရား​ပြ​ဋ္ဌာန်း​သည့်​အ​တိုင်း ပြု​ကျင့်​မှ​သာ​လျှင် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန် စွာ​ဆက်​သွယ်​သူ​ဖြစ်​နိုင်​၏။-

Romans 4:13ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ​နှင့်​သား​မြေး​တို့ အား​ကမ္ဘာ​လော​က​ကို ပိုင်​စေ​တော်​မူ​မည်​ဟု​က​တိ ထား​တော်​မူ​ခဲ့​၏။ ဤ​သို့​က​တိ​ထား​တော်​မူ​ခြင်း မှာ​အာ​ဗြ​ဟံ​သည်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း သော​ကြောင့်​မ​ဟုတ်၊ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည် သ​ဖြင့်​သူ့​အား​ဖြောင့်​မတ်​သူ​အ​ဖြစ်​ကိုယ်​တော် လက်​ခံ​တော်​မူ​သော​ကြောင့်​ဖြစ်​၏။-

Romans 5:13ပ​ညတ်​တ​ရား​မ​ပေါ်​မီ​အ​ခါ​က​လူ​တို့​သည် အ​ပြစ်​ကူး​ခဲ့​ကြ​၏။ သို့​သော်​ထို​စဉ်​အ​ခါ​က တ​ရား​ဥ​ပ​ဒေ​မ​ရှိ​သ​ဖြင့်​လူ​တို့​၏​အ​ပြစ် များ​ကို​မှတ်​သား​ထား​ခြင်း​မ​ရှိ။-

Romans 7:7သို့​ဖြစ်​လျှင်​ငါ​တို့​မည်​သို့​ဆို​ရ​မည်​နည်း။ ပ​ညတ်​တ​ရား​သည်​ဆိုး​ယုတ်​သည့်​အ​ရာ​ဖြစ် သည်​ဟု​ဆို​ရ​မည်​လော။ သို့​ရာ​တွင်​အ​ပြစ်​ဟူ သည်​မှာ​အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို ငါ့​အား ပ​ညတ်​တ​ရား​က​သိ​ရှိ​စေ​၏။ အ​ကယ်​၍ ပ​ညတ်​တော်​က ``လော​ဘ​လွန်​ကူး​ခြင်း​မ​ရှိ နှင့်'' ဟု​မ​ဆို​လျှင်​လော​ဘ​လွန်​ကူး​ခြင်း ဟူ​သည်​မှာ​အ​ဘယ်​အ​ရာ​ဖြစ်​ကြောင်း​ကို ငါ​သိ​ရှိ​လိမ့်​မည်​မ​ဟုတ်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ရောမဩဝါဒစာ 3:20

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesJohn LightfootGeneva Bible Notes (1599)Robertson's Word Pictures
← ရောမဩဝါဒစာ 3:19ရောမဩဝါဒစာ 3ရောမဩဝါဒစာ 3:21 →