ရှင်ယောဟန်ဩဝါဒစာပထမစောင် 3:8
အြုပစ်တရားကိုကျင့်သုံးသူသည်မာရ်နတ် ၏ဘက်သားဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် မူလအစကတည်းကပင်လျှင် အပြစ်ကူးသူဖြစ်သောကြောင့်တည်း။ ဘုရား သခင်၏သားတော်ပေါ်ထွန်းတော်မူသည့် အကြောင်းမှာ မာရ်နတ်ပြုခဲ့သည့်အမှုကို ချေဖျက်ရန်ပင်ဖြစ်ပေသည်။
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ဩဝါဒစာပထမစောင် 3
Cross References
Numbers 21:9ထို့ကြောင့်မောရှေသည်ကြေးဝါမြွေရုပ်ကိုပြု လုပ်၍ တိုင်ထိပ်တွင်တင်ထားရာမြွေကိုက်ခံ ရသောသူသည် မြွေရုပ်ကိုကြည့်လျှင်အသက် ချမ်းသာရာရလေ၏။
Matthew 13:38ဂျုံခင်းကားဤကမ္ဘာလောကတည်း။ မျိုးကောင်း မျိုးသန့်သည်နိုင်ငံတော်သားများကိုဆိုလို၏။ ဂျုံရိုင်းစေ့များကားစာတန်မာရ်နတ်၏နိုင်ငံ သားများကိုဆိုလို၏။-
Luke 10:18ကိုယ်တော်က ``ကောင်းကင်မှလျှပ်စစ်ကျသကဲ့ သို့စာတန်ကျသည်ကိုငါမြင်ရ၏။-
John 12:31ဤလောကသည်ယခုပင်လျှင်တရားစီရင် ခြင်းခံရလေပြီ။ လောကကိုအစိုးရသူ သည်လည်းယခုပင်နှိမ်နင်းခြင်းခံရပေ တော့မည်။-
Romans 16:20ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည်စာတန် အား သင်တို့၏ခြေအောက်တွင်မကြာမီချေမှုန်း တော်မူလိမ့်မည်။ ငါတို့သခင်ယေရှု၏ကျေးဇူးတော်ကိုသင်တို့ ခံစားကြရပါစေသော။
Colossians 2:15ထိုလက်ဝါးကပ်တိုင်ပေါ်တွင်ခရစ်တော်သည် ဝိညာဉ်ရေးဆိုင်ရာတန်ခိုးရှင်များနှင့်အာဏာ ပိုင်အပေါင်းတို့၏တန်ခိုးအာဏာကိုပယ်ရှား တော်မူပြီးနောက် ၎င်းတို့ကိုသုံ့ပန်းများအဖြစ် အောင်ပွဲလှည့်ရာတွင်နောက်မှလိုက်ပါစေကာ လူအပေါင်းတို့အားပြတော်မူ၏။