The Bible Software
bible.software › 2 ဓမ္မရာဇဝင်တတိယစောင် › 2 ဓမ္မရာဇဝင်တတိယစောင် 11 › 2 ဓမ္မရာဇဝင်တတိယစောင် 11:18

2 ဓမ္မရာဇဝင်တတိယစောင် 11:18

သူ​တို့​သည်​မိ​ဒျန်​ပြည်​မှ​ထွက်​ခွာ​ပြီး​လျှင်​ဖာ​ရန် မြို့​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ လူ​အ​ချို့​တို့​သည် သူ​တို့​ဘက်​သို့​ဝင်​ရောက်​လာ​ကြ​၏။ ထို့​နောက်​သူ တို့​သည်​အီ​ဂျစ်​ပြည်​သို့​ထွက်​သွား​၍​အီ​ဂျစ် ဘု​ရင်​ထံ​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ မင်း​ကြီး သည်​ဟာ​ဒဒ်​အား မြေ၊ အိမ်​နှင့်၊ စား​နပ်​ရိက္ခာ​ကို ပေး​တော်​မူ​၏။-

Common Language Bible

In The King James Version

And they arose out of Midian, and came to Paran: and they took men with them out of Paran, and they came to Egypt, unto Pharaoh king of Egypt; which gave him an house, and appointed him victuals, and gave him land.

In Context

17ဟာ​ဒဒ်​နှင့်​သူ့​ဖ​ခင်​၏​အ​စေ​ခံ​အ​ချို့​သာ​လျှင် လွတ်​မြောက်​၍ အီ​ဂျစ်​ပြည်​သို့​ထွက်​ပြေး​ကြ​၏။ (ထို​စဉ်​အ​ခါ​က​ဟာ​ဒဒ်​သည်​က​လေး​သူ​ငယ် မျှ​သာ​ရှိ​သေး​၏။-)

19ဟာ​ဒဒ်​သည်​မင်း​ကြီး​နှင့်​ချစ်​ကျွမ်း​ဝင်​၍​လာ ရ​ကား မင်း​ကြီး​က​သူ့​အား​မိ​ဖု​ရား​တာ​ပ​နက် ၏​ညီ​မ၊ မိ​မိ​၏​ခယ်​မ​တော်​နှင့်​စုံ​ဖက်​ပေး​တော် မူ​၏။-

Read all of 2 ဓမ္မရာဇဝင်တတိယစောင် 11

Cross References

Genesis 21:21သူ​သည်​ပါ​ရန်​တော​ကန္တာ​ရ​တွင်​နေ-ထိုင်​လျက် သူ့​မိ​ခင်​သည်​သူ့​အား​အီ​ဂျစ်​အ​မျိုး​သ​မီး တစ်​ဦး​နှင့်​စုံ​ဖက်​ပေး​လေ​၏။

Genesis 25:4မိ​ဒျန်​၏​သား​များ​မှာ​ဧ​ဖာ၊ ဧ​ဖေ​ရ၊ ဟာ​နုတ်၊ အ​ဘိ​ဒ​နှင့်​ဧ​လ​ဒါ​တို့​ဖြစ်​ကြ​သည်။ ထို​သူ အား​လုံး​တို့​သည်​ကား​ကေ​တု​ရ​၏​အ​ဆက် အ​နွယ်​များ​ဖြစ်​ကြ​သ​တည်း။

Numbers 10:12သူ​တို့​သည်​သိ​နာ​တော​ကန္တာ​ရ​မှ​ခ​ရီး​ထွက် ခွာ​လာ​ကြ​လေ​သည်။ မိုး​တိမ်​သည်​ပါ​ရန်​ဟု ခေါ်​သော​တော​ကန္တာ​ရ​သို့​ရောက်​သော​အ​ခါ ရပ်​တန့်​လေ​သည်။

Numbers 25:6မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် တဲ​တော်​တံ​ခါး​ဝ​တွင်​ငို​ကြွေး​မြည် တမ်း​လျက်​ရှိ​နေ​စဉ် ဣ​သ​ရေ​လ​အ​မျိုး​သား တစ်​ဦး​သည်​သူ​တို့​ရှေ့​မှောက်​၌ မိ​ဒျန်​အ​မျိုး သ​မီး​တစ်​ယောက်​ကို​မိ​မိ​၏​တဲ​အ​တွင်း​သို့ ခေါ်​သွင်း​သွား​သည်​ကို​မြင်​ကြ​၏။-

Numbers 25:18အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ပေ​ဂု​ရ အ​ရပ်​တွင် သင်​တို့​ကို​လှည့်​ဖြား​၍​ပြစ်​မှား​စေ သော​ကြောင့်​လည်း​ကောင်း၊ ထို​အ​ရပ်​တွင်​ရောဂါ ကပ်​ကျ​ရောက်​စဉ်​သေ​ဆုံး​သွား​သော​ကော​ဇ​ဘိ ကိစ္စ​ကြောင့်​လည်း​ကောင်း မိ​ဒျန်​အ​မျိုး​သား တို့​ကို​တိုက်​ခိုက်​သုတ်​သင်​ဖျက်​ဆီး​လော့'' ဟု​မိန့်​တော်​မူ​၏။

Deuteronomy 33:2ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ပေါ်​မှ ကြွ​လာ​တော်​မူ​၏။ ကိုယ်​တော်​သည်​နေ​မင်း​သ​ဖွယ်​ဧ​ဒုံ​ပြည်​ပေါ်​သို့ ထွက်​ပေါ်​လာ​ပြီး​လျှင်၊ ပါ​ရန်​တောင်​ထိပ်​ပေါ်​မှ​မိ​မိ​လူ​မျိုး​တော်​ပေါ်​သို့ ထွန်း​တောက်​တော်​မူ​၏။ ကိုယ်​တော်​၏​လက်​ယာ​တော်​ဘက်​တွင် ထောင်​သောင်း​မ​က​များ​စွာ​သော ကောင်း​ကင်​တ​မန်​တို့​သည်​လိုက်​ပါ​လျက် မီး​လျှံ​တောက်​နေ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study 2 ဓမ္မရာဇဝင်တတိယစောင် 11:18

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← 2 ဓမ္မရာဇဝင်တတိယစောင် 11:172 ဓမ္မရာဇဝင်တတိယစောင် 112 ဓမ္မရာဇဝင်တတိယစောင် 11:19 →