တောလည်ရာကျမ်း 10:12
သူတို့သည်သိနာတောကန္တာရမှခရီးထွက် ခွာလာကြလေသည်။ မိုးတိမ်သည်ပါရန်ဟု ခေါ်သောတောကန္တာရသို့ရောက်သောအခါ ရပ်တန့်လေသည်။
Common Language Bible
In The King James Version
In Context
13သူတို့သည်မောရှေမှတစ်ဆင့် ထာဝရ ဘုရားမိန့်မှာတော်မူသည်အတိုင်းခရီး ထွက်ကြ၏။-
Cross References
Exodus 13:20သူတို့သည်သုကုတ်မြို့မှခရီးဆက်ခဲ့ကြ ရာ တောကန္တာရအစပ်ရှိဧသံမြို့တွင်စခန်း ချကြ၏။-
Exodus 40:36ဣသရေလအမျိုးသားတို့သည်တဲတော်မှ မိုးတိမ်တိုက်အထက်သို့တက်ခွာသောအခါ မှသာ ရှေ့စခန်းသို့ခရီးထွက်ကြသည်။-
Numbers 2:34ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားမိန့်တော်မူသမျှအတိုင်းဆောင်ရွက်ကြ၏။ သူတို့သည်မိမိတို့နှင့်သက်ဆိုင်ရာအလံအနီးတွင်စခန်းချကြ၏။ ချီတက်သည့်အခါသားချင်းစုအလိုက်ချီတက်ကြ၏။
Numbers 9:5သူတို့သည်သိနာတောကန္တာရတွင် ပထမတစ်ဆယ့်လေးရက်နေ့ညနေ၌ပသခါပွဲတော်ကိုကျင်းပကြသည်။ မောရှေအားထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း ဣသရေလအမျိုးသားတို့ဆောင်ရွက်ကြသည်။
Numbers 13:3မောရှေသည်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်း အောက်ဖော်ပြပါခေါင်းဆောင်တို့ကို ပါရန်တောကန္တာရမှစေလွှတ်လိုက်လေသည်။ အနွယ် ခေါင်းဆောင် ရုဗင် ဇက္ကုရ၏သားရှမွာ ရှိမောင် ဟောရိ၏သားရှာဖတ် ယုဒ ယေဖုန္နာ၏သားကာလက် ဣသခါ ယောသပ်၏သားဣဂါလ ဧဖရိမ် နုန်၏သားသြရှေ ဗင်္ယာမိန် ရာဖု၏သားပါတလိ ဇာဗုလုန် သောဒိ၏သားဂါဒျေလ မနာရှေ သုသိ၏သားဂဒ္ဒိ ဒန် ဂေမလ္လိ၏သားအမျေလ အာရှာ မိက္ခေလ၏သားသေသုရ နဿလိ ဝါဖသိ၏သားနာဘိ ဂဒ် မာခိ၏သားဂွေလ
Numbers 33:15သူတို့သည်ရေဖိဒိမ်စခန်းမှဟောရတောင် သို့ သွားသောခရီးလမ်းတွင်ရပ်နားသော စခန်းများနာမည်စာရင်းမှာသိနာတော ကန္တာရ၊ ကိဗြုတ်ဟတ္တဝါသို့မဟုတ်``မွတ်သိပ် ရာသင်္ချိုင်း၊'' ဟာဇရုတ်၊ ရိသမ၊ ရိမ္မုန်ဖာရက်၊ လိဗန၊ ရိဿ၊ ကေဟလာသ၊ ရှာဖာတောင်၊ ဟာရဒ၊ မက္ကလုတ်၊ တာဟတ်၊ တာရ၊ မိသကာ၊ ဟာရှမောန၊ မောသရုတ်၊ ဗင်္ယာကန်၊ ဟောရ ဂိဒ်ဂဒ်၊ ယုမ္ဘာသ၊ ဧဗြောန၊ ဧဇယုန်ဂါဗာ၊ ဇိနတောကန္တာရ(ယင်းသည်ကာဒေရှဖြစ်၏) ဧဒုံပြည်နယ်စပ်ရှိဟောရတောင်တို့ဖြစ် သည်။