2 ဓမ္မရာဇဝင်တတိယစောင် 12:19
ထိုကာလမှစ၍ဣသရေလပြည်မြောက်ပိုင်း ပြည်သူတို့သည် ဒါဝိဒ်မင်းမျိုးကိုပုန်ကန် ကြလေသတည်း။
Common Language Bible
In The King James Version
So Israel rebelled against the house of David unto this day.
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 12
Cross References
1 Samuel 10:19ငါသည်သင်တို့၏ဘုရား၊ ဆင်းရဲဒုက္ခများ နှင့်အခက်အခဲများမှသင်တို့ကိုကယ် တော်မူသောဘုရားဖြစ်တော်မူ၏။ သို့ရာ တွင်သင်တို့သည်ငါ့ကိုပစ်ပယ်ကာငါ၏ ထံမှဘုရင်ကိုတောင်းခံခဲ့ကြ၏။ ကောင်း ပြီ။ သင်တို့သည်ထာဝရဘုရား၏ရှေ့ တော်၌အနွယ်အလိုက်၊ သားချင်းစုအလိုက် စုရုံးကြလော့' ဟုမိန့်တော်မူသည်။''
2 Kings 17:21ဣသရေလပြည်ကိုယုဒပြည်မှထာဝရ ဘုရားခွဲထုတ်တော်မူလိုက်သောအခါ ဣသ ရေလအမျိုးသားတို့သည်နေဗတ်၏သား ယေရောဗောင်ကိုမင်းမြှောက်ကြ၏။ သူတို့အား ယေရောဗောင်သည်ထာဝရဘုရားကိုစွန့်စေ ရန်လည်းကောင်း၊ ကြောက်မက်ဖွယ်ကောင်းသည့် အပြစ်ဒုစရိုက်များကိုကူးလွန်စေရန် လည်းကောင်းရှေ့ဆောင်လမ်းပြခဲ့၏။-
2 Chronicles 13:5ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားသည်မဖျက်မချေနိုင်သော ပဋိညာဉ်တော်ကိုပြုတော်မူ၍ ဒါဝိဒ်နှင့်သား မြေးတို့အားဣသရေလနိုင်ငံတော်ကိုကာလ အစဉ်အဆက်အုပ်စိုးပိုင်ခွင့်ပေးတော်မူ ကြောင်းသင်တို့မသိကြသလော။-
Isaiah 7:17``ဣသရေလနှင့်ယုဒနှစ်ခြမ်းကွဲချိန်မှအစ ပြု၍ မကြုံဘူးသေးသောဘေးဒုက္ခများကို ထာဝရဘုရားသည် သင်နှင့်သင်၏ပြည်သူတို့ အပေါ်သို့လည်းကောင်း၊ မင်းဆွေမင်းမျိုးမှန် သမျှအပေါ်သို့လည်းကောင်းသက်ရောက်စေ တော်မူလိမ့်မည်။ ကိုယ်တော်သည်အာရှုရိ ဘုရင်ကိုခေါ်ဆောင်လာတော်မူပေအံ့။
Hebrews 6:6ထို့နောက်သူတို့သည်ဖောက်ပြန်ကြလေသည်။ သူတို့သည်ဘုရားသခင်၏သားတော်ကို လက်ဝါးကပ်တိုင်တွင် တစ်ဖန်တင်၍သတ်လျက် လူတို့ရှေ့ကဲ့ရဲ့ရှုတ်ချသည်ဖြစ်၍ သူတို့အား နောက်တစ်ဖန်အဘယ်သို့မျှနောင်တမရ စေနိုင်။