2 ဓမ္မရာဇဝင်တတိယစောင် 12:20
ဣသရေလအမျိုးသားတို့သည် အီဂျစ်ပြည် မှယေရောဗောင်ပြန်လည်ရောက်ရှိလာသည့် သတင်းကိုကြားသောအခါ သူ့အားလူထု အစည်းအဝေးသို့ဖိတ်ခေါ်ကာ ဣသရေလ ဘုရင်အဖြစ်မင်းမြှောက်ကြကုန်၏။ ယုဒ အနွယ်သာလျှင်ဒါဝိဒ်၏သားမြေးတို့ အပေါ်တွင်သစ္စာစောင့်ကြလေသည်။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 12
Cross References
2 Samuel 20:2ထို့ကြောင့်ဣသရေလပြည်မှလူတို့သည် ဒါဝိဒ်ကိုစွန့်၍ ရှေဘနှင့်လိုက်သွားကြ၏။ ယုဒပြည်မှလူတို့မူကားသစ္စာမဖောက်ဘဲ ယော်ဒန်မြစ်မှယေရုရှလင်မြို့တိုင်အောင် ဒါဝိဒ်နှင့်လိုက်သွားကြလေသည်။
1 Kings 11:32ငါ၏အစေခံဒါဝိဒ်၏မျက်နှာကိုထောက်၍ လည်းကောင်း၊ ဣသရေလတစ်နိုင်ငံလုံးမှငါ ရွေးချယ်ထားသည့်မြို့တော်တည်းဟူသော ယေရု ရှလင်မြို့ကိုထောက်ထား၍လည်းကောင်း၊ ငါသည် ရှောလမုန်အတွက်နယ်မြေတစ်ခုကိုချန်ထား ပေးမည်။-
1 Kings 11:36ရှောလမုန်၏သားကိုမူကားဣသရေလတစ် နွယ်ကိုငါပေးမည်။ ဤသို့ပေးရခြင်းအကြောင်း မှာငါ့အားဝတ်ပြုကိုးကွယ်ရာဌာနအဖြစ်ဖြင့် ငါရွေးချယ်ထားသည့်မြို့တော်တည်းဟူသော ယေရုရှလင်မြို့၌ ငါ၏အစေခံဒါဝိဒ်၏ သားမြေးများအဆက်မပြတ်နန်းစံလျက် ရှိနေစေရန်ဖြစ်၏။-
1 Kings 12:17ရောဗောင်သည်ယုဒနယ်မြေတွင်နေထိုင်သူတို့ ကိုသာလျှင် အုပ်စိုးရလေသည်။
Hosea 11:12ထာဝရဘုရားက``ဣသရေလပြည်သားတို့ သည် ငါ့အားမုသားစကားပြောဆို၍လှည့် စားကြပြီ။ ယုဒပြည်သားတို့သည်သန့်ရှင်း မြင့်မြတ်၍သစ္စာတော်တည်မြဲသောငါ ဘုရားသခင်အားပုန်ကန်နေကြသေး၏။