2 ဓမ္မရာဇဝင်တတိယစောင် 12:28
ယင်းသို့တွေးတောပြီးနောက် ယေရောဗောင်သည် ရွှေနွားလားဥသဘရုပ်နှစ်ကောင်ကိုသွန်း လုပ်၍ပြည်သူတို့အား``သင်တို့သည်ကိုးကွယ် ဝတ်ပြုရန်အတွက် ယေရုရှလင်မြို့သို့သွားရ ကြသည်မှာကာလအတော်ကြာပြီ။ အို ဣသ ရေလပြည်သူတို့၊ သင်တို့အားအီဂျစ်ပြည် မှထုတ်ဆောင်လာတော်မူသောဘုရားများ ကားဤဘုရားများပင်တည်း'' ဟုမိန့်တော် မူ၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 12
Cross References
Exodus 1:10သူတို့၏လူဦးရေယခုထက်မတိုးပွားလာစေရန် လိမ္မာစွာငါတို့ပြုရကြမည်။ အကယ်၍စစ်မက်ဖြစ်ပွားလာလျှင် သူတို့သည်ငါတို့၏တစ်ဘက်ရန်သူနှင့်ပူးပေါင်း၍ငါတို့ကိုတိုက်ခိုက်ပြီးလျှင် တိုင်းပြည်မှထွက်ပြေးကြလိမ့်မည်'' ဟုမိန့်ကြားလေ၏။-
Exodus 32:4အာရုန်သည်နားတောင်းများကိုအရည် ကျိုပြီးလျှင်၊ ရွှေဖြင့်နွားငယ်ပုံသွန်းလုပ် လေ၏။ ထိုနောက်လူအပေါင်းတို့က``ဣသရေလ အမျိုးသားတို့၊ ဤဘုရားသည်သင်တို့အား အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သောငါတို့ ၏ဘုရားဖြစ်သည်'' ဟုဆိုလေ၏။
Deuteronomy 4:14သင်တို့ဝင်ရောက်သိမ်းပိုက်မည့်ပြည်တွင်သင် တို့စောင့်ထိန်းရမည့်ပညတ်များကို သင်တို့ အားသွန်သင်ရန်ငါ့ကိုမိန့်မှာတော်မူ၏။''
1 Kings 12:8သို့ရာတွင်ရောဗောင်သည်ထိုမှူးမတ်တို့ပေးသည့် အကြံကိုလျစ်လူရှု၍ အပါးတော်တွင်ခစား နေကျဖြစ်သောမိမိ၏ငယ်သူငယ်ချင်း လူငယ်လူရွယ်များထံသို့သွားပြီးလျှင်၊-
2 Kings 17:8ထာဝရဘုရား၏လူမျိုးတော်ချီတက်လာ ချိန်၌ ကိုယ်တော်နှင်ထုတ်တော်မူသောလူမျိုး တို့၏ဋ္ဌလေ့ထုံးစံများကိုလိုက်လျှောက်ကြ ၏။ ဣသရေလဘုရင်တို့တီထွင်ခဲ့သည့် ဋ္ဌလေ့ ထုံးစံများကိုခံယူကျင့်သုံးကြ၏။-
2 Chronicles 11:15ယေရောဗောင်သည်ရုပ်တုကိုးကွယ်ရာဌာန များ၌လည်းကောင်း၊ နတ်မိစ္ဆာများနှင့်မိမိ သွန်းလုပ်ထားသည့်နွားသငယ်ရုပ်များကို ရှိခိုးဝတ်ပြုရာ၌လည်းကောင်းအမှုတော် ဆောင်ရန်မိမိအလိုရှိသူတို့အားယဇ် ပုရောဟိတ်များအဖြစ်ခန့်ထားတော်မူ သည်။-