2 ဓမ္မရာဇဝင်တတိယစောင် 12:33
မင်းကြီးသည်မိမိသတ်မှတ်ပေးသည့်နေ့ရက် ဖြစ်သည့် အဋ္ဌမလတစ်ဆယ့်ငါးရက်နေ့၌ ဗေသလမြို့ရှိယဇ်ပလ္လင်သို့သွား၍ ယဇ်ပူဇော် ကာဣသရေလပြည်သူတို့အတွက် မိမိကိုယ် တိုင်တီထွင်ပြဋ္ဌာန်းပေးသည့်ပွဲတော်ကို ကျင်းပတော်မူသတည်း။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 12
Cross References
Numbers 15:39သင်တို့သည်ပန်းပွားများကိုမြင်သည့် အခါတိုင်း ငါ၏ပညတ်ရှိသမျှကို သတိရ၍လိုက်နာကျင့်ဆောင်ကြလိမ့် မည်။ ထိုအခါသင်တို့သည်ငါ့ကိုစွန့်ပယ်၍ မိမိတို့အလိုအတိုင်းပြုမူကျင့်ဆောင် ကြမည်မဟုတ်တော့ချေ။-
1 Kings 13:1ယုဒပြည်မှပရောဖက်တစ်ပါးသည် ထာဝရ ဘုရား၏အမိန့်တော်အရဗေသလမြို့သို့ သွားရာယဇ်ပူဇော်ရန် ယဇ်ပလ္လင်တွင်ယေရော ဗောင်ရပ်လျက်နေချိန်၌ရောက်ရှိလာလေသည်။-
2 Kings 17:32ထိုသူတို့သည်ထာဝရဘုရားကိုလည်းဝတ်ပြု ကိုးကွယ်ကြပြီးလျှင် ရုပ်တုများကိုကိုးကွယ် ဝတ်ပြုရာဌာနများတွင်ယဇ်ပုရောဟိတ်ပြု လုပ်ရန်နှင့်ယဇ်ပူဇော်ရန်အတွက် မိမိတို့အ ထဲမှလူတို့ကိုရွေးချယ်ခန့်ထားကြ၏။-
2 Chronicles 26:6သြဇိသည်ဖိလိတ္တိအမျိုးသားတို့အား စစ် ဆင်တိုက်ခိုက်ကာ ဂါသမြို့၊ ယာဗနေမြို့နှင့် အာဇုတ်မြို့တို့၏မြို့ရိုးများကိုဖြိုချပြီး လျှင်အာဇုတ်မြို့အနီးနှင့်ဖိလိတ္တိပြည်အခြား ဒေသများ၌တံတိုင်းကာရံထားသောမြို့ များကိုတည်ထောင်တော်မူ၏။-
Isaiah 29:13ထာဝရဘုရားက``ဤသူတို့သည်ငါ့အား နှုတ်ဖြင့် ဝတ်ပြုကိုးကွယ်ပါသည်ဟုဆိုသော် လည်းသူတို့၏စကားများသည်အဋ္ဌိပ္ပါယ် မရှိ။ သူတို့၏စိတ်သည်လည်းအရပ်တစ်ပါး သို့ရောက်၍နေ၏။ သူတို့၏ဘာသာတရား သည် မိမိတို့အလွတ်ကျက်မှတ်ထားသည့်လူ့ ထုံးတမ်းစဉ်လာနှင့်နည်းဥပဒေများသာ လျှင်ဖြစ်ပေသည်။-
Mark 7:13ဤသို့လျှင်သင်တို့လက်ဆင့်ကမ်းပေးအပ်ကြ သည့်ထုံးတမ်းစဉ်လာများဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုပစ်ပယ်ကြ၏။ အလားတူ အခြားအကျင့်ဋ္ဌလေ့များစွာတို့ကိုလည်း သင်တို့ပြုကြသေး၏'' ဟုမိန့်တော်မူ၏။