1 ဓမ္မရာဇဝင်တတိယစောင် 17:32
ထိုသူတို့သည်ထာဝရဘုရားကိုလည်းဝတ်ပြု ကိုးကွယ်ကြပြီးလျှင် ရုပ်တုများကိုကိုးကွယ် ဝတ်ပြုရာဌာနများတွင်ယဇ်ပုရောဟိတ်ပြု လုပ်ရန်နှင့်ယဇ်ပူဇော်ရန်အတွက် မိမိတို့အ ထဲမှလူတို့ကိုရွေးချယ်ခန့်ထားကြ၏။-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 17
Cross References
1 Kings 12:33မင်းကြီးသည်မိမိသတ်မှတ်ပေးသည့်နေ့ရက် ဖြစ်သည့် အဋ္ဌမလတစ်ဆယ့်ငါးရက်နေ့၌ ဗေသလမြို့ရှိယဇ်ပလ္လင်သို့သွား၍ ယဇ်ပူဇော် ကာဣသရေလပြည်သူတို့အတွက် မိမိကိုယ် တိုင်တီထွင်ပြဋ္ဌာန်းပေးသည့်ပွဲတော်ကို ကျင်းပတော်မူသတည်း။
1 Kings 13:33ဣသရေလဘုရင်ယေရောဗောင်သည်ယခုတိုင် အောင်ပင် မိမိ၏ဒုစရိုက်လမ်းစဉ်ကိုမစွန့်သေး ဘဲ မိမိတည်ဆောက်ထားသည့်ယဇ်ပလ္လင်များတွင် အမှုထမ်းရန် ယဇ်ပုရောဟိတ်များအဖြစ်သာမန် အိမ်ထောင်စုများမှရွေးချယ်ခန့်ထားလေ့ရှိ၏။ သူ သည်ယဇ်ပုရောဟိတ်လုပ်လိုသူမှန်သမျှကို ခန့်ထားလေသည်။-
2 Kings 17:41သို့ဖြစ်၍ထိုသူတို့သည်ထာဝရဘုရားကို ကိုးကွယ်ကြသော်လည်း မိမိတို့၏ရုပ်တုများ ကိုလည်းကိုးကွယ်ကြ၏။ သူတို့၏သားမြေး တို့သည်လည်း ယနေ့တိုင်အောင်ဤနည်း အတိုင်းဆက်လက်ပြုကျင့်ကြကုန်သည်။
Zephaniah 1:5အိမ်ခေါင်မိုးထက်သို့တက်၍ နေ၊ လ၊ ကြယ် တာရာများကိုရှိခိုးဝတ်ပြုသူမှန်သမျှ ကိုငါသုတ်သင်ပယ်ရှင်းမည်။ ငါ့အားဝတ် ပြုကိုးကွယ်ကာသစ္စာစောင့်ပါမည်ဟုကျိန် ဆိုကတိပြုပြီးလျှင် မောလုတ်၏အမည် နာမကိုတိုင်တည်ကျိန်ဆိုသူတို့ကိုလည်း သုတ်သင်ပယ်ရှင်းမည်။