2 ဓမ္မရာဇဝင်တတိယစောင် 13:8
ပရောဖက်ကလည်း``ဘုရင်မင်း၏စည်းစိမ်ဥစ္စာ တစ်ဝက်ကိုပင်ပေးသော်လည်းငါမလိုက်လိုပါ။ အဘယ်အစားအစာကိုမျှမစားလိုပါ။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 13
Cross References
Exodus 5:3သူတို့က``ဟေဗြဲအမျိုးသားတို့၏ဘုရား ကို အကျွန်ုပ်တို့ဖူးတွေ့ခဲ့ရပြီ။ အကျွန်ုပ်တို့ ၏ဘုရားသခင်ထာဝရဘုရားအားယဇ် ပူဇော်နိုင်ရန် တောကန္တာရသို့သုံးရက်ခရီး သွားခွင့်ပေးတော်မူပါ။ အကျွန်ုပ်တို့သည် ထိုဝတ်ကိုမပြုရလျှင်ဘုရားသခင်သည် အကျွန်ုပ်တို့အားရောဂါဘေးသို့မဟုတ် ဋ္ဌားဘေးသင့်စေပါမည်'' ဟုလျှောက်ကြ၏။
Exodus 7:2ငါသည်သင့်အားမိန့်ကြားသမျှကိုအာရုန် အားပြောရမည်။ ဣသရေလအမျိုးသား တို့ကိုအီဂျစ်ပြည်မှထွက်ခွင့်ပြုစေရန် သူ သည်ဖာရောဘုရင်အားလျှောက်ထားရမည်။-
Numbers 22:18သို့ရာတွင်ဗာလမ်က``ဗာလက်ဘုရင်သည်နန်း တော်တွင်ရှိသမျှသောရွှေ၊ ငွေကို ငါ့အားပုံ၍ ပေးသော်လည်းငါ၏ဘုရားသခင်ထာဝရ ဘုရား၏အမိန့်တော်ကိုငါမလွန်ဆန်နိုင်။-
1 Kings 13:16သို့ရာတွင်ယုဒပရောဖက်က``ငါသည်သင်နှင့် အတူမလိုက်နိုင်။ သင်ဧည့်ဝတ်ပြုသည်ကိုလည်း လက်မခံနိုင်။ သင်နှင့်အတူဤအရပ်တွင် အဘယ်အစာရေစာကိုမျှမစားမသောက် နိုင်။-
2 Kings 5:26သို့ရာတွင်ဧလိရှဲက``သင်နှင့်တွေ့ဆုံရန်ထိုသူ ရထားပေါ်မှဆင်းရာအရပ်သို့ ငါ၏စိတ်ဝိညာဉ် သည်ရောက်ရှိခဲ့သည်မဟုတ်လော။ ဤအချိန်သည် ငွေ၊ အထည်၊ သံလွင်ဥယျာဉ်၊ စပျစ်ဥယျာဉ်၊ သိုး၊ နွား၊ အစေခံများကိုခံယူရန်အချိန်မဟုတ်။-
Mark 6:11သင်တို့ကိုလက်မခံသည့်အရပ်တွင်မနေကြနှင့်။ သင်တို့ဟောပြောသွန်သင်သည်ကိုနားမထောင် သူများထံမှထွက်ခွာသွားကြလော့။ ထွက်ခွာ သွားသည့်အခါတွင်သူတို့ကိုသတိပေးသည့် အနေဖြင့် သင်တို့ခြေဖဝါးမှမြေမှုန့်ကို ခါချခဲ့ကြလော့'' ဟုမှာကြားတော်မူ၏။