2 ဓမ္မရာဇဝင်တတိယစောင် 14:11
သင်၏အိမ်ထောင်စုသားများသည်မြို့တွင်း၌ သေလျှင်ခွေးစာ၊ မြို့ပြင်၌သေလျှင်လင်းတစာ ဖြစ်ကြလိမ့်မည်။ ဤကားငါထာဝရဘုရားမိန့် တော်မူသောစကားဖြစ်၏' ဟုမိန့်တော်မူ၏'' ဟုဆင့်ဆို၏။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 14
Cross References
1 Kings 13:34ဤသို့သူကူးလွန်သည့်အပြစ်ကြောင့်သူ၏ မင်းဆက်သည်လုံးဝပျက်သုဉ်း၍သွားလေ၏။
1 Kings 16:3ငါသည်ယေရောဗောင်အားပြုသကဲ့သို့ သင် နှင့်သင့်အိမ်ထောင်စုသားများအားသုတ် သင်ပယ်ရှင်းပစ်မည်။-
1 Kings 21:19ငါထာဝရဘုရားက`သင်သည်လူကိုသတ်ပြီး နောက် ထိုသူ၏ဥစ္စာကိုသိမ်းယူပါမည်လော' ဟု မိန့်တော်မူကြောင်းသူ့အားပြောကြားလော့။ `ခွေး တို့သည်နာဗုတ်၏သွေးကိုလျက်ကြသည့်အရပ် ၌ပင်လျှင် သင်၏သွေးကိုလျက်ကြလိမ့်မည်' ဟု ငါမိန့်တော်မူကြောင်းကိုလည်းသူ့အားပြော ကြားလော့'' ဟုမိန့်မှာတော်မူ၏။
1 Kings 21:24မြို့ပြင်၌သေလျှင်လင်းတစာဖြစ်ကြလိမ့် မည်' ဟုမိန့်တော်မူ၏'' ဟုဆင့်ဆို၏။
Isaiah 66:24``ထိုသူတို့သည်မိမိတို့ပြည်များသို့ပြန် ကြသောအခါငါ့ကိုပုန်ကန်သူတို့၏ အလောင်းများကိုတွေ့မြင်ကြလိမ့်မည်။ ထိုအလောင်းများကိုဖျက်ဆီးသည့်လောက် ကောင်တို့သည်အဘယ်အခါ၌မျှသေကြ လိမ့်မည်မဟုတ်။ အလောင်းတို့ကိုလောင် လျက်နေသောမီးသည်လည်းအဘယ်အခါ ၌မျှငြိမ်းလိမ့်မည်မဟုတ်။ လူအပေါင်းတို့ သည်ထိုအချင်းအရာကိုမြင်၍စက်ဆုတ် ရွံရှာကြလိမ့်မည်။ ပရောဖက်ဟေရှာယစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။
Ezekiel 39:17အရှင်ထာဝရဘုရားကငါ့အား``အချင်း လူသား၊ ပတ်ဝန်းကျင်အရပ်ရပ်မှငှက်များ နှင့်တိရစ္ဆာန်များအား သူတို့အတွက်ငါပြင် ဆင်ပေးမည့်ယဇ်ပူဇော်ပွဲသို့လာ၍စား သောက်ကြရန်ခေါ်ဖိတ်လော့။ ဣသရေလ တောင်ပေါ်မှကြီးမြတ်သောယဇ်ပူဇော်ပွဲ ကြီးဖြစ်၏။-