2 ဓမ္မရာဇဝင်တတိယစောင် 15:4
သို့ရာတွင်သူ၏ဘုရားသခင်ထာဝရဘုရား သည် ဒါဝိဒ်၏မျက်နှာကိုထောက်၍အဘိယမရှိ သည့်နောက်၌ ယေရုရှလင်မြို့ကိုအုပ်စိုးရန်နှင့် ယေရုရှလင်မြို့ကိုဘေးမဲ့လုံခြုံစွာစောင့်ထိန်း ရန်သားတော်တစ်ပါးကိုပေးတော်မူ၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 15
Cross References
Genesis 12:2ငါသည်သင်၏သားမြေးတို့ကိုများပြားစေ မည်။ သူတို့အားလူမျိုးကြီးဖြစ်စေမည်။ ငါ သည်သင့်ကိုကောင်းချီးပေး၍သင်၏နာမ ကိုကြီးမြတ်စေသဖြင့် လူတို့သည်သင့်အား ဖြင့်ကောင်းချီးခံစားရကြမည်။
Genesis 26:5အာဗြဟံသည်ငါ၏စကားကိုနားထောင်၍ငါ ၏ပညတ်နှင့်အမိန့်ရှိသမျှတို့ကိုစောင့်ထိန်း သောကြောင့် ငါသည်သင့်အားကောင်းချီးပေး မည်'' ဟုမိန့်တော်မူ၏။
2 Samuel 7:12သင်ကွယ်လွန်၍ဘိုးဘေးတို့နှင့်အတူသင်္ဂြိုဟ် ခြင်းကိုခံရသောအခါ ငါသည်သင်၏သား တစ်ယောက်ကိုမင်းမြှောက်ကာသူ၏နိုင်ငံ ကိုတည်တံ့ခိုင်မြဲစေမည်။-
1 Kings 11:12သို့ရာတွင်ငါသည်သင့်ခမည်းတော်ဒါဝိဒ်၏ မျက်နှာကိုထောက်၍ သင်၏လက်ထက်၌ဤ အမှုကိုမပြုဘဲသင်၏သားလက်ထက် ရောက်မှပြုမည်။-
1 Kings 11:36ရှောလမုန်၏သားကိုမူကားဣသရေလတစ် နွယ်ကိုငါပေးမည်။ ဤသို့ပေးရခြင်းအကြောင်း မှာငါ့အားဝတ်ပြုကိုးကွယ်ရာဌာနအဖြစ်ဖြင့် ငါရွေးချယ်ထားသည့်မြို့တော်တည်းဟူသော ယေရုရှလင်မြို့၌ ငါ၏အစေခံဒါဝိဒ်၏ သားမြေးများအဆက်မပြတ်နန်းစံလျက် ရှိနေစေရန်ဖြစ်၏။-
Psalms 18:28အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား အလင်းကို ပေးတော်မူပါ၏။ ကျွန်တော်မျိုး၏မှောင်မိုက်ကိုပျောက်လွင့် စေတော်မူပါ၏။