ကမ္ဘာဦးကျမ်း 12:2
ငါသည်သင်၏သားမြေးတို့ကိုများပြားစေ မည်။ သူတို့အားလူမျိုးကြီးဖြစ်စေမည်။ ငါ သည်သင့်ကိုကောင်းချီးပေး၍သင်၏နာမ ကိုကြီးမြတ်စေသဖြင့် လူတို့သည်သင့်အား ဖြင့်ကောင်းချီးခံစားရကြမည်။
Common Language Bible
In The King James Version
In Context
Cross References
Genesis 13:16မြေကြီးပေါ်ရှိမြေမှုန့်ကိုရေတွက်နိုင်ပါမှ သင်၏အဆက်အနွယ်များကိုရေတွက်နိုင်မည်။-
Genesis 15:5အာဗြံကိုအပြင်သို့ခေါ်ဆောင်လျက်``မိုးကောင်း ကင်ကိုမော်ကြည့်၍ကြယ်များကိုရေတွက်လော့။ သင်၏အမျိုးအနွယ်တို့သည်ထိုမျှလောက်များ ပြားကြလိမ့်မည်'' ဟုမိန့်တော်မူသည်။
Genesis 17:20ဣရှမေလအတွက်သင်၏လိုအင်ဆန္ဒကိုလည်း ငါကြားရပြီ။ ထို့ကြောင့်ငါသည်သူ့ကိုကောင်း ချီးပေး၍ သူ၌သားသမီးများစွာထွန်းကား စေမည်။ သူ၏အဆက်အနွယ်တို့ကိုများပြား စေမည်။ သူသည်မင်းသားတစ်ဆယ့်နှစ်ပါးတို့ ၏ဖခင်ဖြစ်လိမ့်မည်။ သူ၏အဆက်အနွယ်တို့ ကိုလူမျိုးကြီးဖြစ်စေမည်။-
Genesis 19:29သို့ရာတွင်ထာဝရဘုရားသည်လောတနေထိုင်ရာ ချိုင့်ဝှမ်းရှိမြို့များကိုဖျက်ဆီးသောအခါ၌ အာဗြဟံကိုသတိရတော်မူ၏။ လောတကိုလည်းပျက်စီးခြင်းဘေးမှလွတ်မြောက်စေတော်မူ၏။
Genesis 22:18သင်သည်ငါ၏အမိန့်ကိုနာခံသောကြောင့်သင် ၏အဆက်အနွယ်တို့သည် ကောင်းချီးခံရသည့် နည်းတူကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့ကသူ တို့အားလည်း ကောင်းချီးပေးရန်ငါ့အားတောင်း လျှောက်ကြလိမ့်မည်'' ဟုမိန့်တော်မူသည်။-
Genesis 24:35ထာဝရဘုရားသည်ကျွန်ုပ်၏သခင်အားကောင်း ချီးမင်္ဂလာများစွာချပေးသဖြင့် သူသည်ကြွယ် ဝချမ်းသာလာပါသည်။ ထာဝရဘုရားသည် သူ့အားသိုးအုပ်၊ ဆိတ်အုပ်၊ ရွှေ၊ ငွေ၊ ကျွန်ယောကျာ်း၊ ကျွန်မိန်းမ၊ ကုလားအုတ်နှင့်မြည်းများကိုပေး တော်မူပြီ။-