2 ဓမ္မရာဇဝင်တတိယစောင် 16:13
ဗာရှာနှင့်သားတော်ဧလာသည်ရုပ်တုများ ကိုဝတ်ပြုကိုးကွယ်ခြင်းအားဖြင့်လည်း ကောင်း၊ ဣသရေလပြည်သူတို့အားအပြစ် ကူးရန်ရှေ့ဆောင်လမ်းပြခြင်းအားဖြင့် လည်းကောင်း ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်ထာဝရဘုရား၏အမျက် တော်ကိုလှုံ့ဆော်ပေးကြ၏။-
Common Language Bible
In The King James Version
In Context
14ဧလာဆောင်ရွက်ခဲ့သည့်အခြားအမှုအရာ များကိုဣသရေလရာဇဝင်တွင်ရေးထား သတည်း။
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 16
Cross References
1 Samuel 12:21ဘုရားအတုအယောင်တို့နောက်သို့မလိုက်ကြ နှင့်။ ထိုဘုရားများသည်ဘုရားအစစ်မဟုတ် သဖြင့်သင်တို့အားကူမရန်သော်လည်းကောင်း၊ ကယ်တင်ရန်သော်လည်းကောင်းမတတ်နိုင်ကြ။-
1 Kings 15:30ယင်းသို့ဖြစ်ပျက်ရခြင်းမှာယေရောဗောင်သည် မိမိကိုယ်တိုင်ကူးခဲ့သည့်အပြစ်များအားဖြင့် လည်းကောင်း၊ ဣသရေလပြည်သူတို့အားကူး စေခဲ့သည့်အပြစ်များအားဖြင့်လည်းကောင်း၊ ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၏အမျက်တော်ကိုလှုံ့ဆော်ပေး သောကြောင့်ဖြစ်၏။
2 Kings 17:15သူတို့သည်ကိုယ်တော်၏သြဝါဒတော်တို့ကို မနာခံကြ။ ဘိုးဘေးတို့နှင့်ကိုယ်တော်ပြုတော် မူခဲ့သည့်ပဋိညာဉ်တော်ကိုမစောင့်ထိန်းကြ။ ကိုယ်တော်၏သတိပေးချက်များကိုလည်း ဂရုမစိုက်ကြ။ သူတို့သည်အသုံးမကျ သည့်အရာများကိုကိုးကွယ်သဖြင့် အသုံး မကျသူများဖြစ်လာကြ၏။ ထို့ပြင်ပတ် ဝန်းကျင်ရှိလူမျိုးတို့၏အတုကိုမယူ ကြရန် ထာဝရဘုရားမိန့်တော်မူသည်ကို မလိုက်နာဘဲ ထိုသူတို့၏ဋ္ဌလေ့ထုံးစံ များကိုလိုက်လျှောက်ကျင့်သုံးကြလေ သည်။-
Jeremiah 10:3ထိုသူတို့၏ဘာသာတရားသည်အချည်းနှီး ဖြစ်၏။ တော၌သစ်ပင်ခုတ်လှဲပြီးလျှင်ပန်းပုဆရာသည် ဆူးဆောက်ဖြင့်ရုပ်တုကိုထုလုပ်၍၊
Jeremiah 10:15ယင်းတို့သည်အချည်းနှီးသက်သက်ဖြစ်၍ စက်ဆုပ်ရွံရှာဖွယ်သာလျှင်ဖြစ်ပေသည်။ ထာဝရဘုရားသည်အပြစ်ဒဏ်စီရင်ရန် ကြွလာတော်မူသောအခါ ယင်းတို့ကိုဖျက်ဆီးပစ်တော်မူလိမ့်မည်။
Romans 1:21သူတို့သည်ဘုရားသခင်ကိုသိကြသော် လည်း ကိုယ်တော်၏ဂုဏ်တော်ကျေးဇူးတော်ကို ချီးမွမ်းသင့်လျက်နှင့်မချီးမွမ်းကြ။ ချီးမွမ်း မည့်အစားအကျိုးမဲ့သည့်အရာများကို သာ တွေးတောဆင်ခြင်လျက်နေကြ၏။ သူတို့ ၏အသိဉာဏ်ကင်းမဲ့သည့်စိတ်နှလုံးများ သည်လည်းအမှောင်ဖုံး၍နေ၏။-