ယေရမိအနာဂတ္တိကျမ်း 10:15
ယင်းတို့သည်အချည်းနှီးသက်သက်ဖြစ်၍ စက်ဆုပ်ရွံရှာဖွယ်သာလျှင်ဖြစ်ပေသည်။ ထာဝရဘုရားသည်အပြစ်ဒဏ်စီရင်ရန် ကြွလာတော်မူသောအခါ ယင်းတို့ကိုဖျက်ဆီးပစ်တော်မူလိမ့်မည်။
Common Language Bible
In The King James Version
They are vanity, and the work of errors: in the time of their visitation they shall perish.
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 10
Cross References
1 Samuel 5:4နောက်တစ်နေ့နံနက်စောစော၌ထိုရုပ်တုသည် ပဋိညာဉ်သေတ္တာတော်၏ရှေ့တွင်တစ်ဖန်မှောက် လျက်လဲကျနေသည်ကိုမြင်ရကြပြန်၏။ ယခုအကြိမ်၌မူရုပ်တု၏ဦးခေါင်းနှင့် လက်နှစ်ဖက်စလုံးပင်ပြတ်၍ တံခါးဝ အနီးသို့ရောက်ရှိနေလေသည်။ ရုပ်တု၏ ကိုယ်လုံးသာလျှင်ကျန်ရစ်ခဲ့၏။-
Psalms 115:9ဣသရေလအမျိုးသားတို့၊ထာဝရဘုရား ကို ကိုးစားကြလော့။ ကိုယ်တော်သည်သင်တို့ကိုကူမတော်မူ၍ ကာကွယ်စောင့်ရှောက်တော်မူ၏။
Isaiah 41:24သင်တို့နှင့်သင်တို့ပြုသမျှသောအမှုတို့သည် အဘယ်သို့မျှမရေရာ။ သင်တို့အားဝတ်ပြုကိုးကွယ်သူတို့သည်လည်း စက်ဆုတ်ရွံရှာဖွယ်ကောင်းပါသည်တကား။
Isaiah 57:12သင်တို့ကမိမိတို့ပြုသည့်အမှုကိုမှန်သည် ဟုထင်မှတ်ကြ၏။ သို့ရာတွင်သင်တို့၏အကျင့် ကို ငါဖွင့်ဟထုတ်ဖော်လိုက်သောအခါ သင်တို့ ၏ရုပ်တုများသည်သင်တို့အားကူမနိုင် ကြလိမ့်မည်မဟုတ်။-
Jeremiah 8:19နားထောင်ကြလော့။ အလွန်ဝေးသော တစ်တိုင်းတစ်ပြည်တွင်ငါ၏အမျိုးသား များ ဟစ်အော်နေသံကိုငါကြားရ၏။ ``ထာဝရဘုရားသည်ဇိအုန်မြို့တွင် ရှိတော်မမူတော့ပြီလော။ ဇိအုန်မြို့၏ဘုရင်သည်ထိုမြို့တွင်မရှိတော့ ပြီလော'' သူတို့၏ဘုရင်ထာဝရဘုရားက``သင်တို့သည် အဘယ်ကြောင့်ရုပ်တုများနှင့်၊ ငါ၏အမျက်တော်ကိုလှုံ့ဆော်ပေးကြသနည်း'' ဟုမိန့်တော်မူ၏။
Jeremiah 10:11(အချင်းလူတို့၊ ကမ္ဘာမြေကြီးနှင့်မိုးကောင်းကင် ကိုမဖန်ဆင်းသည့်ဘုရားများသည်မိုးကောင်း ကင်အောက်မှလည်းကောင်း၊ ကမ္ဘာမြေကြီးပေါ်မှ လည်းကောင်းကွယ်ပျောက်မည်ဖြစ်ကြောင်းထို သူတို့အားပြောကြားရကြမည်။)