2 ဓမ္မရာဇဝင်တတိယစောင် 16:33
အာရှရဘုရားမကိုဝတ်ပြုကိုးကွယ်ရန် အတွက် တံခွန်တိုင်ကိုလည်းစိုက်ထူလေသည်။ သူသည်မိမိ၏နောင်တော့်နောင်တော်ဣသရေ လဘုရင်အပေါင်းတို့ထက်ပင် ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရား၏အမျက်တော်ကိုပို၍လှုံ့ဆော် ပေး၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 16
Cross References
1 Kings 14:9သင်သည်မိမိအလျင်အုပ်စိုးခဲ့သောမင်းတို့ ၏ကူးလွန်ခဲ့သည့်အပြစ်များထက်ပင် ပိုမို ကြီးလေးသောအပြစ်များကိုကူးလွန်လေ ပြီ။ ငါ့အားပစ်ပယ်ကာအခြားသောဘုရား များကိုဝတ်ပြုကိုးကွယ်၍ ရုပ်တုများကို ပြုလုပ်ခြင်းအားဖြင့် ငါ၏အမျက်တော်ကို လှုံ့ဆော်လေပြီ။-
1 Kings 16:29ယုဒဘုရင်အာသနန်းစံသုံးဆယ့်ရှစ်နှစ် မြောက်၌ သြမရိ၏သားတော်အာဟပ်သည် ဣသရေလဘုရင်ဖြစ်လာပြီးလျှင် ရှမာရိ မြို့တွင်နှစ်ဆယ့်နှစ်နှစ်နန်းစံလေသည်။-
1 Kings 21:25(ထာဝရဘုရား၏ရှေ့တော်မှောက်တွင် အာဟပ်ကဲ့ သို့ဒုစရိုက်ကိုလွန်ကဲစွာပြုသူတစ်ယောက်မျှ မရှိ။ သူပြုသောအမှုအရာမှန်သမျှမှာမိ ဖုရားယေဇဗေလ၏တိုက်တွန်းချက်အရ ဖြစ်သည်။-
1 Kings 22:8အာဟပ်က``အခြားပရောဖက်တစ်ပါးရှိပါ သေးသည်။ ထိုသူသည်ဣမလ၏သားမိက္ခာ ဖြစ်ပါ၏။ သို့ရာတွင်သူသည်ကျွန်ုပ်အတွက် အဘယ်အခါမျှအကောင်းကိုမဟော၊ အဆိုး ကိုသာအစဉ်ဟောတတ်သဖြင့်သူ့ကိုကျွန်ုပ် မနှစ်သက်ပါ'' ဟုပြန်ပြောလေသည်။ ထိုအခါယောရှဖတ်က``ဤသို့မပြောသင့် ပါ'' ဟုဆို၏။-
2 Kings 17:16သူတို့သည်မိမိတို့ဘုရားသခင်ထာဝရ ဘုရား၏ပညတ်တော်ရှိသမျှကိုချိုးဖောက် ကြလျက် ကိုးကွယ်ရန်နွားလားဥသဘရုပ် နှစ်ကောင်ကိုသွန်းလုပ်ကြ၏။ သူတို့သည် အာရှရဘုရားမရုပ်တုကိုလည်းပြုလုပ် ကြ၏။ ကြယ်နက္ခတ်များကိုရှိခိုး၍ဗာလ ဘုရားကိုကိုးကွယ်ကြ၏။-
2 Chronicles 21:13အာဟပ်နှင့်သူ၏အရိုက်အရာကိုဆက်ခံကြ သူများသည် ဣသရေလအမျိုးသားတို့အား ဘုရားသခင်ကိုသစ္စာဖောက်ရန် ရှေ့ဆောင်လမ်း ပြခဲ့ကြသည့်နည်းတူသင်သည်ယုဒပြည်သူ များနှင့်ယေရုရှလင်မြို့သားများကိုသစ္စာ ဖောက်ရန်ရှေ့ဆောင်လမ်းပြခဲ့ပေသည်။ သင် သည်မိမိထက်ကောင်းမြတ်သောညီများ အားလည်းသတ်ခဲ့၏။-