2 ဓမ္မရာဇဝင်တတိယစောင် 16:34
သူနန်းစံနေစဉ်အတွင်းဗေသလမြို့သား ဟိဧလသည် ယေရိခေါမြို့ကိုပြန်လည်တည် ထောင်လေသည်။ နုန်၏သားယောရှုအားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကားနှင့် အညီ ဟိဧလသည်ယေရိခေါမြို့ကိုအုတ် မြစ်ချချိန်၌မိမိ၏သားဦးအဘိရံကို လည်းကောင်း၊ မြို့တံခါးများတည်ဆောက် ချိန်၌သားထွေးစေဂုပ်ကိုလည်းကောင်း ဆုံးရှုံးရလေသည်။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 16
Cross References
Joshua 23:14ငါမူကားစုတေရမည့်အချိန်နီးလာပြီ။ သင် တို့၏ဘုရားသခင်ထာဝရဘုရားသည်ကတိ တော်ရှိသည်အတိုင်း သင်တို့အတွက်ကောင်းချီး မင်္ဂလာရှိသမျှကိုချပေးတော်မူခဲ့သည်ဟု သင်တို့စိတ်အတွင်း၌ခံစားရကြ၏။ ကိုယ်တော် သည်ကတိတော်ရှိသမျှအကောင်အထည်ပေါ် စေခဲ့လေပြီ။ အကောင်အထည်မပေါ်သည့် ကတိတော်ဟူ၍တစ်ခုမျှမရှိ။-
Zechariah 1:5``ထိုပရောဖက်များနှင့်သင်တို့၏ဘိုး ဘေးများကားသေလွန်သွားကြလေပြီ။-