2 ဓမ္မရာဇဝင်တတိယစောင် 17:20
ထို့နောက်သူသည်``အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ဤမုဆိုးမအားအဘယ် ကြောင့်ကိုယ်တော်သည် ဤသို့ထိတ်လန့်ဖွယ် ကောင်းသောအမှုကိုပြုတော်မူပါသနည်း။ ထိုအမျိုးသမီးသည်ကျွန်ုပ်အားကောင်းစွာ ကျွေးမွေးပြုစုပါ၏။ သို့ရာတွင်ယခုကိုယ် တော်သည်သူ၏သားငယ်ကိုသေစေတော် မူပါပြီ'' ဟုကျယ်လောင်စွာဆုတောင်းပတ္ထ နာပြုလေ၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 17
Cross References
Genesis 38:7ဧရသည်ထာဝရဘုရားရှေ့တော်တွင်အကျင့် ဆိုးသောသူဖြစ်ခြင်းကြောင့် ထာဝရဘုရား သည်သူ့အားအသက်တိုစေတော်မူ၏။-
Exodus 17:4ထိုအခါမောရှေသည် ထာဝရဘုရား ကို``အကျွန်ုပ်သည်ဤလူတို့အတွက်မည်ကဲ့ သို့ဖြေရှင်းပေးရပါမည်နည်း။ သူတို့သည် မကြာမီအကျွန်ုပ်အားခဲနှင့်ပစ်သတ်ကြ ပါလိမ့်မည်'' ဟုတောင်းပန်လျှောက်ထား လေ၏။
1 Samuel 7:8ရှမွေလအား``အကျွန်ုပ်တို့ကိုဖိလိတ္တိအမျိုး သားတို့၏လက်မှကယ်တော်မူရန် အကျွန်ုပ် တို့၏ဘုရားသခင်ထာဝရဘုရားထံတော် သို့ဆုတောင်းပေးလျက်နေပါ'' ဟုတောင်းပန် ကြ၏။-
2 Kings 4:33သူသည်တံခါးကိုပိတ်ပြီးလျှင်ထာဝရဘုရား အားဆုတောင်းလေ၏။-
2 Kings 19:15ထိုနောက်ဤသို့ပတ္ထနာပြု၏။ ``ခမ်းနားတင့် တယ်သည့်ပလ္လင်ပေါ်တွင်စံတော်မူသော အို ဣသ ရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကိုယ်တော်တစ်ပါးတည်းသာလျှင်ကမ္ဘာ နိုင်ငံအရပ်ရပ်ကိုအစိုးရသောဘုရားဖြစ် တော်မူပါ၏။ ကိုယ်တော်သည်မိုးမြေကိုဖန် ဆင်းတော်မူပါ၏။-
Psalms 73:13သို့ဖြစ်၍ငါသည်မိမိစိတ်နှလုံးကို ဖြူစင်သန့်ရှင်းစေလျက်အပြစ်မပြုဘဲနေ သည်မှာ အချည်းနှီးပေလော။