2 ဓမ္မရာဇဝင်တတိယစောင် 18:40
ဧလိယက``ဗာလပရောဖက်တို့ကိုဖမ်းဆီးကြ လော့။ တစ်ယောက်မျှထွက်မပြေးစေကြနှင့်'' ဟု အမိန့်ပေး၏။ လူတို့သည်ပရောဖက်အားလုံးကို ဖမ်းဆီး၍ပေးသဖြင့် ဧလိယသည်သူတို့အား ကိရှုန်ချောင်းသို့ထုတ်သွားပြီးလျှင်ကွပ်မျက် လေ၏။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 18
Cross References
Deuteronomy 13:5သင်တို့အားကျွန်ခံရာအီဂျစ်ပြည်မှကယ် တင်တော်မူခဲ့သော ထာဝရဘုရားကိုပုန် ကန်ရန်တိုက်တွန်းသောပရောဖက် သို့မဟုတ် အိပ်မက်ဖတ်တတ်သူကိုသေဒဏ်စီရင်ရမည်။ ထိုသူသည်သင်တို့အား ထာဝရဘုရားမိန့် မှာတော်မူသောအသက်ရှင်ရာလမ်းမှ သွေ ဖည်သွားစေရန်သွေးဆောင်သူဖြစ်သည်။ ယင်းဒုစရိုက်ကို သင်တို့မှဖယ်ရှားပစ်ရန် ထိုသူကိုသေဒဏ်စီရင်ရမည်။''
Deuteronomy 18:20ငါ၏အခွင့်အာဏာမရဘဲနှင့် လူတို့အား ဆင့်ဆိုသောပရောဖက်သည်လည်းကောင်း၊ အခြားသောဘုရားများ၏အခွင့်အာဏာ ဖြင့် ဆင့်ဆိုသောပရောဖက်သည်လည်းကောင်း သေဒဏ်ခံစေရမည်' ဟုမိန့်တော်မူ၏။''
Judges 4:13သူသည်သံရထားကိုးရာနှင့်မိမိ၏လူ အပေါင်းတို့ကိုစုရုံးစေပြီးလျှင် လူမျိုး ခြားတို့နေရာဟာရောရှက်မြို့မှကိရှုန် မြစ်သို့စေလွှတ်လိုက်လေသည်။
1 Kings 19:1အာဟပ်မင်းသည်ဧလိယပြုသည့်အမှုအလုံး စုံကိုလည်းကောင်း၊ ဗာလပရောဖက်တို့အသတ် ခံရကြပုံကိုလည်းကောင်းမိဖုရားယေဇ ဗေလအားပြောပြလေသည်။-
2 Kings 10:25ယေဟုသည်ပူဇော်သကာများကိုဆက်သ ပြီးသည်နှင့်တစ်ပြိုင်နက် အစောင့်တပ်သားများ နှင့်တပ်မှူးတို့အား``ဝင်၍ထိုသူအပေါင်းကို သတ်လော့။ တစ်ဦးတစ်ယောက်မျှမလွတ်သွား စေနှင့်'' ဟုပြော၏။ သူတို့သည်ဋ္ဌားလွတ်များ ကိုင်ဆောင်ကာ ထိုသူတို့ကိုသတ်ပြီးလျှင် အလောင်းများကိုအပြင်သို့ဆွဲထုတ်ကြ ၏။ ထိုနောက်သူတို့သည်ဗာလဗိမာန်အတွင်း ခန်းသို့ဝင်၍၊-
2 Chronicles 23:17သူတို့သည်ဗာလဘုရားဗိမာန်ကိုသွား ရောက်ဖြိုဖျက်ကြ၏။ ယဇ်ပလ္လင်များနှင့်ရုပ်တု များကိုချိုးဖဲ့ကာ ယဇ်ပလ္လင်များရှေ့၌ဗာလ ယဇ်ပုရောဟိတ်မဿန်ကိုသတ်ကြ၏။-