2 ဓမ္မရာဇဝင်တတိယစောင် 18:39
ဤအခြင်းအရာကိုမြင်သောအခါ လူတို့သည် မိမိတို့ကိုယ်ကိုမြေပေါ်တွင်လှဲချကာ``ထာဝရ ဘုရားသည်ဘုရားအမှန်ပင်ဖြစ်ပေသည်။ ထာဝရ ဘုရားတစ်ပါးတည်းသာလျှင်ဘုရားအမှန်ဖြစ် ပါသည်တကား'' ဟုကြွေးကြော်ကြကုန်၏။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 18
Cross References
1 Kings 18:21ဧလိယသည်ထိုလူတို့ထံသို့ချဉ်းကပ်၍``သင် တို့သည်အဘယ်မျှကြာအောင်စိတ်ဇဝေဇဝါ ရှိနေကြပါမည်နည်း။ ထာဝရဘုရားသည် ဘုရားအမှန်ဖြစ်လျှင် ကိုယ်တော်အားဝတ်ပြု ကိုးကွယ်ကြလော့။ ဗာလသည်ဘုရားအမှန် ဖြစ်လျှင်မူကားသူ့အားဝတ်ပြုကိုးကွယ် ကြလော့'' ဟုဆို၏။ သို့ရာတွင်လူတို့သည် မည်သို့မျှပြန်၍မပြောကြ။-
1 Kings 20:13ဤအတောအတွင်း၌ပရောဖက်တစ်ပါးသည် အာဟပ်မင်းထံသို့သွား၍``ထာဝရဘုရား ကသင့်အား`ထိုကြီးမားသည့်စစ်သည်အလုံး အရင်းကိုမြင်၍မကြောက်နှင့်။ ယနေ့သင့် အားထိုတပ်မတော်ကြီးကိုဖြိုခွင်းခွင့်ငါ ပေးမည်။ ငါသည်ထာဝရဘုရားဖြစ်တော် မူကြောင်းကို သင်သိရလိမ့်မည်' ဟုမိန့်တော် မူ၏'' ဟုဆင့်ဆို၏။
2 Chronicles 7:3ဣသရေလအမျိုးသားတို့သည်မိုးကောင်းကင် မှမီးလျှံကျလာ၍ ဗိမာန်တော်သည်တောက်ပ သောဘုန်းအသရေတော်ဖြင့်ပြည့်လာသည် ကိုမြင်သောအခါကြမ်းပြင်ပေါ်တွင်ပျပ်ဝပ် ရှိခိုးလျက်``ကိုယ်တော်သည်ကောင်းမြတ်တော် မူ၍မေတ္တာတော်သည်ထာဝစဉ်တည်၏'' ဟု ထာဝရဘုရားအားထောမနာပြုကြ၏။-
Psalms 50:7ကိုယ်တော်က``ငါ၏လူစုတော်ဝင်တို့၊ နားထောင်ကြလော့။ ငါမိန့်မြွက်တော်မူမည်။ အို ဣသရေလအမျိုးသားတို့၊ငါသည်သင်တို့ကို ဝေဖန်ပြစ်တင်မည်။ ငါသည်ထာဝရဘုရား၊သင်တို့၏ဘုရား ဖြစ်တော်မူ၏။
Ezekiel 20:5ငါအရှင်ထာဝရဘုရားအဘယ်သို့မိန့်တော် မူကြောင်းကိုလည်း ပြောပြလော့။ ဣသရေလ လူမျိုးတို့ကိုငါရွေးကောက်တော်မူ၍ ယာကုပ် ၏အမျိုးအနွယ်တို့အားငါသည်ကတိပေး ကျိန်ဆိုခဲ့၏။ အီဂျစ်ပြည်တွင်ငါသည်သူတို့ အားထင်ရှားလျက် ငါသည်သူတို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူကြောင်း ကိုကျိန်ဆိုခဲ့၏။-