2 ဓမ္မရာဇဝင်တတိယစောင် 19:2
ယေဇဗေလသည်ဧလိယအား``အကယ်၍ ငါသည်နက်ဖြန်ဤအချိန်ရောက်မှ ပရောဖက် တို့အားသင်ပြုခဲ့သည့်အတိုင်းသင့်အားမပြု ပါမူ ဘုရားတို့သည်ငါ့ကိုအဆုံးစီရင်ကြ ပါစေသော'' ဟုလူလွှတ်၍ပြောကြားစေ၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 19
Cross References
Exodus 10:28ဘုရင်ကမောရှေအား``ငါ့ထံမှထွက်သွား လော့။ သင့်မျက်နှာကိုငါနောက်တစ်ဖန်မတွေ့ လို။ အကယ်၍တွေ့ခဲ့လျှင်သင်သေရမည်'' ဟုဆိုလေ၏။
Ruth 1:17မိခင်သေရာအရပ်တွင်ကျွန်မသေပါ မည်။ ထိုအရပ်တွင်သင်္ဂြိုဟ်ခြင်းကိုခံပါမည်။ အကယ်၍ကျွန်မသည် သေခြင်းမှတစ်ပါး အခြားအကြောင်းတစ်ခုခုကြောင့် မိခင်နှင့် ခွဲခွာခဲ့လျှင်ဘုရားသခင်သည် ကျွန်မအား အဆိုးရွားဆုံးသောအပြစ်ဒဏ်ကိုပေး တော်မူပါစေသော'' ဟုပြန်ပြောလေသည်။
1 Kings 2:28ဤအဖြစ်အပျက်ကိုယွာဘကြားသိ သောအခါ ထာဝရဘုရားစံတော်မူရာ တဲတော်သို့ထွက်ပြေးပြီးလျှင်ယဇ်ပလ္လင် ထောင့်စွယ်များ ကိုဆုပ်ကိုင်၍ထား၏။ (သူသည်အဒေါနိယ အားကူညီခဲ့သော်လည်းအဗရှလုံကိုမူ မကူညီခဲ့၊-)
2 Kings 6:31မင်းကြီးက``ယနေ့နေမဝင်မီဧလိရှဲဦးခေါင်း မပြတ်လျှင် ထာဝရဘုရားသည်ငါ့အားအဆုံး စီရင်တော်မူပါစေသော'' ဟုကျိန်ဆိုတော်မူ ပြီးနောက်၊-
2 Kings 19:22သင်သည်အဘယ်သူအားစော်ကားကဲ့ရဲ့လျက် နေသည်ကို သင်သိပါသလော။ သင်သည်ဣသ ရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် တော်မူသော ငါဘုရားအားမလေးမခန့် ပြု၍ နေပါသည်တကား။-
Proverbs 27:1နက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်။ တရက် အတွင်းတွင် အဘယ်သို့ ဖြစ်လိမ့်မည်ကို မသိနိုင်။