1 ဓမ္မရာဇဝင်တတိယစောင် 6:31
မင်းကြီးက``ယနေ့နေမဝင်မီဧလိရှဲဦးခေါင်း မပြတ်လျှင် ထာဝရဘုရားသည်ငါ့အားအဆုံး စီရင်တော်မူပါစေသော'' ဟုကျိန်ဆိုတော်မူ ပြီးနောက်၊-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 6
Cross References
Ruth 1:17မိခင်သေရာအရပ်တွင်ကျွန်မသေပါ မည်။ ထိုအရပ်တွင်သင်္ဂြိုဟ်ခြင်းကိုခံပါမည်။ အကယ်၍ကျွန်မသည် သေခြင်းမှတစ်ပါး အခြားအကြောင်းတစ်ခုခုကြောင့် မိခင်နှင့် ခွဲခွာခဲ့လျှင်ဘုရားသခင်သည် ကျွန်မအား အဆိုးရွားဆုံးသောအပြစ်ဒဏ်ကိုပေး တော်မူပါစေသော'' ဟုပြန်ပြောလေသည်။
1 Samuel 14:44ရှောလုက``ငါသည်သင့်အားသေဒဏ်မပေး ခဲ့သော် ဘုရားသခင်သည်ငါ့အားအဆုံး စီရင်တော်မူပါစေသော'' ဟုဆို၏။
2 Samuel 3:9ထာဝရဘုရားသည်ရှောလုနှင့်သူ၏သား မြေးများထံမှနိုင်ငံတော်ကိုရုပ်သိမ်း၍ ဒါဝိဒ်အားနိုင်ငံတစ်စွန်းမှတစ်စွန်းတိုင်အောင် ဣသရေလပြည်နှင့်ယုဒပြည်တို့၏ဘုရင် အဖြစ်ခန့်ထားတော်မူမည်ဟုကတိပြုတော် မူခဲ့၏။ ယခုငါသည်ထိုကတိတော်အကောင် အထည်ပေါ်စေရန်မဆောင်ရွက်ပါမူ ဘုရားသခင်သည်ငါ့အားအပြစ်ဒဏ်ခတ်တော်မူ ပါစေသော'' ဟုဆို၏။-
2 Samuel 19:13ထို့ပြင်အာမသအား``သင်သည်ငါ၏ဆွေမျိုး ဖြစ်၏။ ယခုအချိန်မှစ၍သင့်အားယွာဘ ၏နေရာတွင်တပ်မတော်ဗိုလ်ချုပ်အဖြစ်ငါ ခန့်ထားပြီ။ ယင်းသို့ငါမပြုပါမူဘုရားသခင်သည်ငါ့အားအဆုံးစီရင်တော်မူပါ စေသော'' ဟုပြောကြားရန်လည်းမှာတော်မူ လိုက်၏။-
1 Kings 18:17ဧလိယကိုမြင်သောအခါအာဟပ်က``ဣသ ရေလပြည်တွင်ဒုက္ခပေးသူကိုယခုငါတွေ့ ပြီ'' ဟုဆို၏။
1 Kings 22:8အာဟပ်က``အခြားပရောဖက်တစ်ပါးရှိပါ သေးသည်။ ထိုသူသည်ဣမလ၏သားမိက္ခာ ဖြစ်ပါ၏။ သို့ရာတွင်သူသည်ကျွန်ုပ်အတွက် အဘယ်အခါမျှအကောင်းကိုမဟော၊ အဆိုး ကိုသာအစဉ်ဟောတတ်သဖြင့်သူ့ကိုကျွန်ုပ် မနှစ်သက်ပါ'' ဟုပြန်ပြောလေသည်။ ထိုအခါယောရှဖတ်က``ဤသို့မပြောသင့် ပါ'' ဟုဆို၏။-