2 ဓမ္မရာဇဝင်တတိယစောင် 2:22
မင်းကြီးက``မယ်တော်သည်အဘယ်ကြောင့် သူ၏အတွက် အဘိရှက်ကိုသာလျှင်တောင်း ပါသနည်း။ ထီးနန်းကိုပါတောင်းခံပါလော့။ အမှန်ကိုဆိုရလျှင်သူသည်အကျွန်ုပ်၏ နောင်တော်ဖြစ်၍ အဗျာသာနှင့်ယွာဘတို့ သည်လည်းသူ၏ဘက်တော်သားများဖြစ် ကြပါသည်'' ဟုမိန့်တော်မူ၏။-
Common Language Bible
In The King James Version
In Context
21ထိုအခါမယ်တော်က``အဘိရှက်ကိုနောင်တော် အဒေါနိယအားပေးစားတော်မူပါ'' ဟု တောင်းလေ၏။
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 2
Cross References
2 Samuel 12:8သင့်အားရှောလု၏နိုင်ငံနှင့်မိဖုရားတို့ ကိုပေးအပ်ခဲ့၏။ ဣသရေလပြည်နှင့်ယုဒ ပြည်တို့ကိုအစိုးရသောဘုရင်ဖြစ်စေခဲ့၏။ အကယ်၍ဤမျှနှင့်မလုံလောက်သေးပါ မူငါသည်သင့်အားနှစ်ဆတိုး၍ပေးဦး မည်ဖြစ်သည်။-
1 Kings 1:5ဟ္ဂိတ်နှင့်ဒါဝိဒ်ရသောသားအဒေါနိယသည် အလွန်အဆင်းလှ၏။ အဗရှလုံသေဆုံးသဖြင့် သူသည်ဒါဝိဒ်၏လက်ရှိသားတို့တွင်အကြီး ဆုံးဖြစ်၏။ ဒါဝိဒ်သည်သူ့အားအဘယ်အမှု တွင်မျှပြောဆိုဆုံးမဖူးသည်ဟူ၍မရှိ။ သူ သည်ထီးနန်းကိုမျှော်မှန်းသူဖြစ်၍ မိမိကိုယ် ပိုင်ရထားများ၊ မြင်းများနှင့်ရှေ့တော်ပြေး လူငါးဆယ်ကိုရရှိလေသည်။-
1 Kings 1:11ထိုအခါနာသန်သည် ရှောလမုန်၏မယ်တော် ဗာသရှေဘထံသို့သွား၍``ဟ္ဂိတ်၏သား အဒေါနိယသည် မိမိကိုယ်ကိုမိမိမင်းမြှောက် လိုက်ကြောင်းသင်ကြားပြီလော။ ဒါဝိဒ်မင်းပင် ထိုသတင်းကိုကြားတော်မမူသေးပါ။-
Matthew 20:22သခင်ယေရှုက ``သင်တို့သည်မည်သည့်အရာကို ပန်ကြားနေသည်ကိုသင်တို့မသိကြ။ ငါသောက် ရမည့်ဒုက္ခဝေဒနာခွက်ကိုသင်တို့သောက်နိုင်ကြ သလော'' ဟုမေးတော်မူ၏။ သူတို့က ``အကျွန်ုပ်တို့သောက်နိုင်ပါသည်'' ဟု လျှောက်ထားကြ၏။
James 4:3သင်တို့တောင်းလျှောက်၍မရခြင်းမှာရည်ရွယ် ချက်လွဲမှားလျက်မိမိတို့စည်းစိမ်ခံစားမှု အတွက်သာလျှင်တောင်းလျှောက်တတ်ကြသော ကြောင့်ဖြစ်၏။-