2 ဓမ္မရာဇဝင်တတိယစောင် 20:22
ထိုအခါပရောဖက်သည်အာဟပ်မင်းထံ သို့သွား၍``ရှုရိဘုရင်သည်လာမည့်နွေဦး ပေါက်တွင်တစ်ဖန်ချီလာဦးမည်ဖြစ်သဖြင့် သင်သည်ပြန်၍မိမိ၏တပ်မတော်ကိုအင် အားပြည့်စေရန်သတိနှင့်စီမံလော့'' ဟု ဆို၏။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 20
Cross References
1 Kings 19:10ဧလိယက``အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ အကျွန်ုပ်သည်ကိုယ်တော်တစ်ပါးတည်း ကိုသာလျှင် အစဉ်ဝတ်ပြုကိုးကွယ်ပါ၏။ ဣသ ရေလပြည်သူတို့မူကားကိုယ်တော်နှင့်ပြုထား သည့်ပဋိညာဉ်ကိုချိုးဖောက်လျက် ကိုယ်တော် ၏ယဇ်ပလ္လင်များကိုဖြိုဖျက်ကာကိုယ်တော်၏ ပရောဖက်တို့ကိုသတ်ကြပါ၏။ တစ်ဦးတည်း သာမသေဘဲကျန်ရှိသောအကျွန်ုပ်၏အသက် အန္တရာယ်ကိုပင်ရှာကြံလျက်နေကြပါ၏'' ဟု လျှောက်၏။
1 Kings 20:26နွေဦးပေါက်သောအခါမင်းကြီးသည် မိမိ၏ စစ်သည်တော်တို့ကိုစုရုံးစေပြီးလျှင်အာဖက် မြို့သို့ချီတက်လေ၏။-
1 Kings 22:8အာဟပ်က``အခြားပရောဖက်တစ်ပါးရှိပါ သေးသည်။ ထိုသူသည်ဣမလ၏သားမိက္ခာ ဖြစ်ပါ၏။ သို့ရာတွင်သူသည်ကျွန်ုပ်အတွက် အဘယ်အခါမျှအကောင်းကိုမဟော၊ အဆိုး ကိုသာအစဉ်ဟောတတ်သဖြင့်သူ့ကိုကျွန်ုပ် မနှစ်သက်ပါ'' ဟုပြန်ပြောလေသည်။ ထိုအခါယောရှဖတ်က``ဤသို့မပြောသင့် ပါ'' ဟုဆို၏။-
1 Chronicles 20:1နောက်တစ်နှစ်နွေဦးပေါက်စ၊ ဘုရင်တို့စစ် ချီလေ့ရှိသည့်အခါကာလ၌ ယွာဘသည် တပ်မတော်ကိုဦးဆောင်၍ အမ္မုန်ပြည်သို့ ချင်းနင်းဝင်ရောက်ကာ ရဗ္ဗာမြို့ကိုဝိုင်း၍ ထား၏။ ဒါဝိဒ်မူကားယေရုရှလင်မြို့ တွင်နေရစ်သတည်း။ ယွာဘသည်ရဗ္ဗာမြို့ ကိုဝိုင်းရံတိုက်ခိုက်ဖျက်ဆီးလိုက်၏။-
2 Chronicles 25:11အာမဇိသည်အားခဲ၍မိမိ၏တပ်မတော် ကိုဦးဆောင်ကာ ပင်လယ်သေတောင်ဘက်ရှိ ဆားချိုင့်ဝှမ်းသို့ချီတက်တော်မူ၏။ ထို အရပ်တွင်တိုက်ပွဲဖြစ်၍ဧဒုံတပ်သား တစ်သောင်းကျဆုံးလေသည်။-
Psalms 115:2``သင်တို့၏ဘုရားသည်အဘယ်မှာရှိသနည်း'' ဟု လူမျိုးတကာတို့သည်အဘယ်ကြောင့်ငါတို့အား မေးရကြပါသနည်း။