2 ဓမ္မရာဇဝင်တတိယစောင် 6:12
``သင်သည်ငါ၏ပညတ်တော်များနှင့်အမိန့် တော်ရှိသမျှကိုစောင့်ထိန်းလျှင် သင့်ခမည်း တော်ဒါဝိဒ်အားငါပေးခဲ့သည့်ကတိ အတိုင်းသင့်အတွက်ငါပြုမည်။-
Common Language Bible
In The King James Version
In Context
11ထာဝရဘုရားကရှောလမုန်အား၊-
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 6
Cross References
1 Samuel 12:14သင်တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုကြောက်ရွံ့ရိုသေစွာဝတ်ပြုကိုးကွယ် လျက် အမိန့်တော်များကိုမလွန်ဆန်ဘဲစကား တော်ကိုလိုက်နာ၍ သင်တို့၏ဘုရင်နှင့်အတူ ကိုယ်တော်၏ကျေးဇူးသစ္စာတော်ကိုစောင့်ထိန်း ကြလျှင်သင်တို့၏ဘဝသာယာလိမ့်မည်။-
1 Kings 2:3သင်၏ဘုရားသခင်ထာဝရဘုရား စေခိုင်း သည့်အတိုင်းပြုလော့။ မောရှေ၏ပညတ်ကျမ်း တွင်ဖော်ပြပါရှိသည့်အတိုင်း ကိုယ်တော်၏ ပညတ်တော်များနှင့်အမိန့်တော်မှန်သမျှကို လိုက်နာလော့။ သို့မှသာသင်ပြုလေရာရာ၊ သွားလေရာရာ၌အောင်မြင်လိမ့်မည်။-
1 Kings 3:14သင်သည်သင်၏ခမည်းတော်ဒါဝိဒ်နည်းတူ ငါ၏ပညတ်တော်များနှင့်အမိန့်တော်တို့ ကိုလိုက်နာလျှင် ငါသည်သင့်အားကြာရှည် သောအသက်ကိုလည်းငါပေးမည်''ဟုမိန့် တော်မူ၏။
1 Kings 9:3ထာဝရဘုရားက``ငါသည်သင်၏ဆုတောင်း ပတ္ထနာကိုကြားတော်မူပြီ။ သင်ဆောက်လုပ်သည့် ဤဗိမာန်တော်ကိုငါ့အားထာဝစဉ်ဝတ်ပြု ကိုးကွယ်ရာဌာနတော်အဖြစ်ငါသီးသန့်၍ ထား၏။ ဤဗိမာန်တော်ကိုအခါခပ်သိမ်း ငါကြည့်ရှုစောင့်ရှောက်မည်။-
1 Chronicles 28:9ထိုနောက်ရှောလမုန်အား``ငါ့သား၊ သင်သည် မိမိ၏အဖကိုးကွယ်သော ဘုရားသခင်ကို အသိအမှတ်ပြု၍ယုံမှားသံသယမရှိ ဘဲ နူးညွတ်သောစိတ်နှင့်ဝတ်ပြုကိုးကွယ်ရန် ငါသည်သင့်အားတာဝန်ပေးအပ်၏။ ကိုယ်တော် သည်ငါတို့၏အကြံအစည်များနှင့်လိုအင် ဆန္ဒရှိသမျှတို့ကိုသိတော်မူ၏။ သင်သည် အထံတော်သို့ချဉ်းကပ်ပါမူ ကိုယ်တော်သည် သင့်အားနှစ်သက်လက်ခံတော်မူလိမ့်မည်။ သို့ရာတွင်သင်သည်ကိုယ်တော်အားကျော ခိုင်းမည်ဆိုပါကကိုယ်တော်သည်လည်း သင့်အားအစဉ်အမြဲစွန့်ပစ်တော်မူ ပေအံ့။-