2 ဓမ္မရာဇဝင်တတိယစောင် 6:38
ရှောလမုန်မင်းနန်းစံတစ်ဆယ့်တစ်နှစ်မြောက်၊ ဗုလ ခေါ်အဋ္ဌမလ၌ ဗိမာန်တော်ကိုရေးဆွဲထားသည့် ပုံစံအတိုင်းတစ်သဝေမတိမ်းဆောက်လုပ်ပြီး လေသည်။ ယင်းသို့ဆောက်လုပ်မှုမှာခုနစ်နှစ် တိုင်တိုင်ကြာသတည်း။
Common Language Bible
In The King James Version
In Context
37ရှောလမုန်မင်းနန်းစံလေးနှစ်မြောက်ဇိဖခေါ် ဒုတိယလ၌ ဗိမာန်တော်ကိုကျောက်မြစ်ချ၍၊-
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 6
Cross References
Exodus 39:32နောက်ဆုံး၌ထာဝရဘုရားစံတော်မူရာ တဲတော်ဆိုင်ရာလုပ်ငန်းအားလုံးပြီးစီး လေ၏။ ထာဝရဘုရားကမောရှေအား မိန့်တော်မူသမျှတို့ကို ဣသရေလ အမျိုးသားတို့သည်ဆောင်ရွက်ကြ၏။-
Exodus 39:43မောရှေသည်သူတို့လုပ်ပြီးသမျှကိုစစ် ဆေး၍၊ ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းလုပ်ဆောင်ကြကြောင်းတွေ့မြင်ရ၏။ ထို့ကြောင့်မောရှေသည်သူတို့အားကောင်းချီး ပေးလေ၏။
1 Kings 6:9ဗိမာန်တော်ကိုတည်ဆောက်ပြီးသောအခါ ရှောလမုန်သည် သစ်ကတိုးသားထုပ်များ ပျဉ်များဖြင့်မျက်နှာကျက်ကိုတပ်ဆင် တော်မူ၏။-
1 Chronicles 28:19ဒါဝိဒ်မင်းက``ဤအရာအားလုံးတို့သည် ထာဝရဘုရားကိုယ်တော်တိုင် ငါ့အားဆောင် ရွက်ရန်ညွှန်ကြားတော်မူသည်အတိုင်းရေး ဆွဲထားခြင်းဖြစ်သည်'' ဟုမိန့်တော်မူ၏။
2 Chronicles 8:1ရှောလမုန်သည်ဗိမာန်တော်နှင့် မိမိ၏နန်း တော်ကိုအနှစ်နှစ်ဆယ်တိုင်တိုင်တည်ဆောက် ရလေသည်။-
Ezra 3:8သို့ဖြစ်၍သူတို့သည် ယေရုရှလင်မြို့ရှိဗိမာန် တော်တည်ခဲ့ရာသို့ပြန်လည်ရောက်ရှိလာသည့် နှစ်၊ ဒုတိယလ၌ဗိမာန်တော်တည်ဆောက်မှု လုပ်ငန်းကို စတင်လုပ်ကိုင်ကြလေသည်။ ဇေရုဗ ဗေလ၊ ယောရှုနှင့်ဆွေမျိုးသားချင်းများ၊ ယဇ် ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များမှစ ၍ ယေရုရှလင်မြို့သို့ပြန်လာကြသည့်ပြည် နှင်ဒဏ်သင့်သူအပေါင်းတို့သည် တည်ဆောက် မှုလုပ်ငန်းတွင်ပါဝင်ကြလေသည်။ အသက် နှစ်ဆယ်နှင့်အထက်ရှိသူလေဝိအနွယ် ဝင်တို့သည် ဗိမာန်တော်တည်ဆောက်မှုကို ကြီးကြပ်ရန်တာဝန်ယူကြရ၏။-