2 ဓမ္မရာဇဝင်တတိယစောင် 7:27
ဟိရံသည် ကြေးဝါလက်တွန်းလှည်းဆယ်စီးကို လည်းပြုလုပ်၏။ ထိုလှည်းတို့သည်အလျားခြောက် ပေ၊ အနံခြောက်ပေနှင့်အမြင့်လေးပေခွဲစီရှိ ကြ၏။-
Common Language Bible
In The King James Version
In Context
28ယင်းတို့ကို ဘောင်သွင်းထားသည့်စတုရန်း မှန်ကူကွက်ပုံများဖြင့်ပြုလုပ်ထားလေသည်။-
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 7
Cross References
1 Kings 7:38ဟိရံသည်လှည်းတစ်စီးလျှင်အင်တုံတစ်လုံး ကျဖြင့် အင်တုံဆယ်လုံးကိုလည်းသွန်းလုပ်၏။ အင်တုံတစ်လုံးလျှင်အချင်းခြောက်ပေရှိ၍ ဂါလံနှစ်ရာဝင်လေသည်။-
2 Kings 25:16ဗိမာန်တော်အတွက်ရှောလမုန်မင်းပြုလုပ်ခဲ့ သောကြေးဝါပစ္စည်းများဖြစ်သည့်တိုင်ကြီးနှစ်လုံး၊ လှည်းများနှင့်ရေစည်ကြီးတို့သည်ချိန်တွယ်၍ မရအောင်ပင်လေးလံပေသည်။-
Jeremiah 27:19(ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းသည် ယောယကိမ်၏သားယုဒဘုရင်ယေခေါနိ အားလည်းကောင်း၊ ယုဒပြည်နှင့်ယေရုရှလင် မြို့မှဦးစီးခေါင်းဆောင်များအားလည်းကောင်း၊ ယေရုရှလင်မြို့မှဗာဗုလုန်မြို့သို့ခေါ်ဆောင် သွားစဉ်အခါကချန်ထားခဲ့သည့်ကြေးဝါ တိုင်ကြီးများ၊ ကြေးဝါရေကန်များနှင့်အောက် ခံခုံများ၊ အခြားဗိမာန်တော်ဘဏ္ဍာအချို့ တို့ကိုချန်ထားခဲ့လေသည်။
Jeremiah 52:20ဗိမာန်တော်အတွက်ရှောလမုန်မင်းပြု လုပ်ခဲ့သောကြေးဝါပစ္စည်းများဖြစ်သည့် တိုင်ကြီးနှစ်လုံး၊ အောက်ခံခုံများ၊ ရေကန် ကြီးနှင့်အောက်ခံနွားရုပ်တစ်ဆယ့်နှစ်ခု တို့သည်ချိန်တွယ်၍မရအောင်ပင်လေးလံ ပေသည်။-