ယေရမိအနာဂတ္တိကျမ်း 27:19
(ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းသည် ယောယကိမ်၏သားယုဒဘုရင်ယေခေါနိ အားလည်းကောင်း၊ ယုဒပြည်နှင့်ယေရုရှလင် မြို့မှဦးစီးခေါင်းဆောင်များအားလည်းကောင်း၊ ယေရုရှလင်မြို့မှဗာဗုလုန်မြို့သို့ခေါ်ဆောင် သွားစဉ်အခါကချန်ထားခဲ့သည့်ကြေးဝါ တိုင်ကြီးများ၊ ကြေးဝါရေကန်များနှင့်အောက် ခံခုံများ၊ အခြားဗိမာန်တော်ဘဏ္ဍာအချို့ တို့ကိုချန်ထားခဲ့လေသည်။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 27
Cross References
1 Kings 7:15ဟိရံသည်အမြင့်နှစ်ဆယ့်ခုနစ်ပေ၊ လုံးပတ် တစ်ဆယ့်ရှစ်ပေရှိသောကြေးဝါတိုင်ကြီး နှစ်လုံးကိုသွန်းလုပ်၍ ဗိမာန်တော်အဝင်ဝ မှာထားရှိ၏။-
1 Kings 7:27ဟိရံသည် ကြေးဝါလက်တွန်းလှည်းဆယ်စီးကို လည်းပြုလုပ်၏။ ထိုလှည်းတို့သည်အလျားခြောက် ပေ၊ အနံခြောက်ပေနှင့်အမြင့်လေးပေခွဲစီရှိ ကြ၏။-
2 Kings 25:17ထိုတိုင်ကြီးနှစ်လုံးမှာဆင်တူဖြစ်၍တစ်တိုင် လျှင် နှစ်ဆယ့်ခုနစ်ပေမြင့်လေသည်။ ယင်းတို့ ကိုအမြင့်လေးပေခွဲရှိကြေးဝါတိုင်ထိပ်အုပ် များတပ်ဆင်ထား၏။ ထိုတိုင်ထိပ်အုပ်တို့၏ပတ် လည်တွင် ကြေးဝါကွန်ရွက်နှင့်ကြေးဝါသလဲ သီးများဖြင့်ချယ်လှယ်၍ထားသတည်း။
2 Chronicles 36:18ဗာဗုလုန်ဘုရင်သည်ဗိမာန်တော်ရှိအသုံး အဆောင်၊ ဗိမာန်တော်ဘဏ္ဍာ၊ မင်းကြီးနှင့်မှူး မတ်တို့၏ဘဏ္ဍာရှိသမျှကိုသိမ်းသွားလေ သည်။-
Lamentations 1:10ရန်သူများသည်သူ၏ဥစ္စာဘဏ္ဍာရှိသမျှကို တိုက်ခိုက်လုယူကြ၏။ သူသည်လူမျိုးခြားတို့အားထာဝရဘုရား ပိတ်ပင်တားမြစ်ထားရာဖြစ်သည့် ဗိမာန်တော်သို့ပင်လျှင် ထိုသူတို့ဝင်ရောက်ကြသည်ကိုတွေ့မြင်ရ၏။