2 ဓမ္မရာဇဝင်တတိယစောင် 8:23
``အို ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ မိုးကောင်းကင်၌သော်လည်းကောင်း၊ ကမ္ဘာမြေကြီးပေါ်၌သော်လည်းကောင်းကိုယ်တော် နှင့်တူသောဘုရားမရှိပါ။ ကိုယ်တော်၏လူမျိုး တော်သည် ကိုယ်တော့်စကားတော်ကိုစိတ်နှလုံး အကြွင်းမဲ့လိုက်နာကျင့်သုံးကြသောအခါ ကိုယ်တော်သည်သူတို့နှင့်ထားရှိသည့်ပဋိညာဉ် တော်ကိုစောင့်ထိန်းတော်မူလျက် သူတို့အား မေတ္တာကရုဏာတော်ကိုပြတော်မူပါ၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 8
Cross References
Genesis 17:1အာဗြံအသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ငါသည်အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ် ၏။ ငါ့စကားကိုနားထောင်၍မှန်ရာကိုအစဉ် ပြုလုပ်လော့။-
Exodus 3:15တစ်ဖန်ထာဝရဘုရားကမောရှေအား``သင် တို့ဘိုးဘေးတို့၏ထာဝရဘုရား၊ အာဗြဟံ ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား တည်းဟူသောထာဝရဘုရားသည် သင်တို့ ထံသို့ငါ့အားစေလွှတ်တော်မူသည်ဟု ဣသရေလအမျိုးသားတို့အားပြောရ မည်။ ဤနာမသည်ထာဝစဉ်ငါ၏နာမ ဖြစ်၏။ နောင်လူမျိုးအဆက်ဆက်တို့သည် ထိုနာမဖြင့်ငါ့အားသိကြလိမ့်မည်။-
Deuteronomy 7:9သင်တို့၏ဘုရားသခင်ထာဝရဘုရားသာ လျှင် ဘုရားဖြစ်တော်မူကြောင်း၊ သစ္စာတော်တည် မြဲကြောင်းသိမှတ်လော့။ ထာဝရဘုရားသည် မိမိကိုချစ်၍ပညတ်တော်များကိုလိုက်နာ သောသူတို့၏အမျိုးအစဉ်အဆက်ထောင် သောင်းအထိ မိမိ၏ပဋိညာဉ်ကိုတည်စေ ၍သူတို့အားမေတ္တာကရုဏာကိုပြတော် မူမည်။-
1 Samuel 2:2ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်တော်မူ သကဲ့သို့ အဘယ်သူမျှမသန့်ရှင်းမမြင့်မြတ်ပါ။ ကိုယ်တော်မှတစ်ပါးအခြားဘုရားမရှိပါ။ ကျွန်မတို့ကိုးကွယ်သောဘုရားကဲ့သို့ ကာကွယ်စောင့်ရှောက်နိုင်သူမရှိ။
1 Kings 2:4သင်သည်ထာဝရဘုရားကိုနာခံလျှင် ကိုယ် တော်သည်ငါ့အားပေးတော်မူသောကတိ တော်ကိုတည်စေတော်မူလိမ့်မည်။ ကိုယ်တော် က`သင်၏သားမြေးတို့သည်ငါ၏အမိန့် တော်တို့ကိုကိုယ်စွမ်းစိတ်စွမ်းရှိသမျှနှင့် တစ်သဝေမတိမ်းလိုက်နာရန်သတိပြု သမျှကာလပတ်လုံး ငါသည်သူတို့အား ဣသရေလပြည်ကိုအုပ်စိုးစေတော်မူ မည်'' ဟုမိန့်တော်မူခဲ့၏။
1 Kings 6:12``သင်သည်ငါ၏ပညတ်တော်များနှင့်အမိန့် တော်ရှိသမျှကိုစောင့်ထိန်းလျှင် သင့်ခမည်း တော်ဒါဝိဒ်အားငါပေးခဲ့သည့်ကတိ အတိုင်းသင့်အတွက်ငါပြုမည်။-