2 ဓမ္မရာဇဝင်တတိယစောင် 8:27
``သို့ရာတွင် အို ဘုရားသခင်၊ ကိုယ်တော်သည်ကမ္ဘာ မြေကြီးပေါ်တွင် အကယ်ပင်စံနေတော်မူပါ မည်လော။ ကောင်းကင်ဘုံတစ်ခုလုံးပင်လျှင်ကိုယ် တော်စံတော်မူနိုင်လောက်အောင်မကျယ်ဝန်းပါ။ သို့ဖြစ်၍ကျွန်ုပ်တည်ဆောက်သည့်ဤဗိမာန်တော် သည် စံတော်မူရန်အတွက်မည်သို့ကျယ်ဝန်း နိုင်ပါမည်နည်း။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 8
Cross References
2 Chronicles 2:5ကျွန်ုပ်တို့၏ဘုရားသခင်သည်ဘုရားတကာ တို့ထက်ကြီးမြတ်သည်ဖြစ်၍ ကျွန်ုပ်သည်ကြီး ကျယ်ခမ်းနားသည့်ဗိမာန်တော်ကိုတည် ဆောက်ရန်ရည်ရွယ်ပါ၏။-
2 Chronicles 6:18``သို့ရာတွင်ဘုရားသခင်သည်လူတို့နှင့် အတူကမ္ဘာမြေကြီးပေါ်တွင် အကယ်ပင်စံ နေတော်မူနိုင်ပါသလော။ ကောင်းကင်ဘဝဂ် ပင်လျှင်ကိုယ်တော်စံနေတော်မူနိုင်အောင် မကျယ်ဝန်းပါလျှင်အကျွန်ုပ်တည်ဆောက် သည့်ဗိမာန်တော်ကားစံနေတော်မူနိုင်ရန် ကျယ်ဝန်းမည်မဟုတ်ပါ။-
Psalms 139:7ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်နှင့်ကင်းဝေးစေရန် အဘယ်အရပ်သို့သွားနိုင်ပါမည်နည်း။ ကိုယ်တော်ရှင်၏မျက်မှောက်တော်မှကင်းလွတ် စေရန် အဘယ်အရပ်သို့ထွက်ခွာနိုင်ပါမည်နည်း။
Isaiah 66:1ထာဝရဘုရားက``ကောင်းကင်ဘုံသည်ငါ ၏ရာဇပလ္လင်ဖြစ်၍ကမ္ဘာမြေကြီးသည် ငါ ၏ခြေတင်ခုံဖြစ်၏။ ထိုကြောင့်သင်တို့သည် ငါ၏အတွက်အဘယ်သို့သောဗိမာန်၊ ငါ ကျိန်းဝပ်ရန်အတွက်အဘယ်သို့သော အဆောက်အဦးကိုတည်ဆောက်နိုင်ကြ ပါမည်နည်း။-
John 1:14နှုတ်ကပတ်တော်သည်လူဇာတိကိုခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်နှင့်ပြည့်စုံလျက် ငါတို့ထံတွင်စံနေတော်မူ၏။ ငါတို့သည် ကိုယ်တော်၏ဘုန်းအသရေတော်ကိုဖူးမြင် ရကြ၏။ ထိုဘုန်းအသရေတော်ကားခမည်း တော်၏တစ်ပါးတည်းသောသားတော်အဖြစ် ဖြင့်ခံယူရရှိသောဘုန်းအသရေတော်ပင် ဖြစ်သတည်း။
Acts 17:24ကမ္ဘာလောကကြီးနှင့်တကွကမ္ဘာပေါ်တွင်ရှိ သမျှသောအရာတို့ကိုဖန်ဆင်းတော်မူသော ဘုရားသည် မိုးမြေကိုစိုးပိုင်တော်မူသော အရှင်ဖြစ်၍လူ့လက်ဖြင့်ဆောက်လုပ်သည့် ဘုံဗိမာန်တွင်ကျိန်းဝပ်တော်မမူ။-