2 ဓမ္မရာဇဝင်တတိယစောင် 8:28
အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ် သည်ကိုယ်တော်၏အစေခံဖြစ်ပါ၏။ အကျွန်ုပ်၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၍ ယနေ့ အကျွန်ုပ်လျှောက်ထားပန်ကြားချက်ကိုနား ညောင်းတော်မူပါ။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 8
Cross References
2 Chronicles 6:19အရှင်ထာဝရဘုရား၊ ကျွန်ုပ်သည်ကိုယ်တော် ၏ကျွန်ဖြစ်ပါ၏။ အကျွန်ုပ်ဆုတောင်းသံကို နားညောင်းတော်မူပါ။ အကျွန်ုပ်တောင်းသော ဆုကိုပေးသနားတော်မူပါ။-
Psalms 4:1အို ဘုရားသခင်၊ ကျွန်တော်မျိုးကိုကွယ်ကာတော်မူသောအရှင်၊ ကျွန်တော်မျိုးခေါ်သောအခါထူးတော်မူပါ။ ကျွန်တော်မျိုးဒုက္ခရောက်စဉ်အခါ၌ကျွန်တော် မျိုးအား ကူမတော်မူခဲ့ပါ၏။ ယခုအခါ၌လည်းကျွန်တော်မျိုးအား သနားတော်မူ၍ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။
Psalms 5:2ကျွန်တော်မျိုး၏ဘုရင်၊ကျွန်တော်မျိုး၏ဘုရား၊ ကူမတော်မူရန် ကျွန်တော်မျိုးဟစ်အော်တောင်းလျှောက်သည်ကို နားထောင်တော်မူပါ။ အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်အထံတော်သို့ဆုတောင်း ပတ္ထနာပြုပါသည်။
Psalms 86:6အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားထောင်တော်မူပါ။ ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံများကို ကြားတော်မူပါ။
Psalms 141:2ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကိုမီးရှို့ ပူဇော်ရာ နံ့သာပေါင်းကဲ့သို့လည်းကောင်း၊ ကျွန်တော်မျိုးလက်အုပ်ချီခြင်းကိုညဥ့်ဦး ပူဇော်ရာ ယဇ်ကဲ့သို့လည်းကောင်းလက်ခံတော်မူပါ။
Daniel 9:17အို ကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်၏ ကျွန်တို့၏ဆုတောင်းပတ္ထနာနှင့်အသနား ခံချက်ကိုနားထောင်တော်မူပါ။ ကိုယ်တော် သည်ဘုရားသခင်ဖြစ်တော်မူကြောင်း လူ တိုင်းသိကြစေရန် ဖြိုဖျက်ခြင်းခံရသည့် ကိုယ်တော်၏ဗိမာန်တော်ကိုပြန်လည်တည် ဆောက်တော်မူပါ။-