2 ဓမ္မရာဇဝင်တတိယစောင် 8:36
ကောင်းကင်ဘုံကနေ၍နားထောင်တော်မူပါ။ သူတို့လိုက်ရသောလမ်းမှန်ကိုညွှန်ပြတော် မူပါ။ ထို့နောက်၊ အို ထာဝရဘုရား၊ ကိုယ်တော် ၏လူမျိုးတော်အားအပိုင်ပေးသနားတော်မူ သည့်ပြည်တော်တွင်မိုးရွာစေတော်မူပါ။''
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 8
Cross References
1 Samuel 12:23ငါသည်သင်တို့အတွက်ဆုတောင်းပတ္ထနာမပြု ဘဲနေခြင်းအားဖြင့် ထာဝရဘုရားကိုပြစ်မှား ခြင်းမှကင်းဝေးပါစေသော။ ငါသည်သင်တို့ အားကောင်းရာမှန်ရာကိုသာလျှင်သင်ကြား ပေးမည်။-
1 Kings 18:27မွန်းတည့်ချိန်၌ဧလိယသည်သူတို့အား``သင် တို့သည်ပို၍အသံကျယ်စွာဆုတောင်းကြ လော့။ ဗာလကားဘုရားပေတည်း။ သူသည်ဆင် ခြင်စဉ်စားလျက်သော်လည်းကောင်း၊ တပိုတပါး သွားလျက်သော်လည်းကောင်း၊ ခရီးလွန်၍သော် လည်းကောင်းနေပေမည်။ ထိုသို့မဟုတ်လျှင်လည်း အိပ်လျက်နေကောင်းနေမည်ဖြစ်၍သူ့အား နှိုးရကြမည်'' ဟုပြက်ရယ်ပြု၍ဆို၏။-
2 Chronicles 6:26``ကိုယ်တော်အားလူမျိုးတော်ပြစ်မှားသည့် အတွက် မိုးခေါင်စေတော်မူသောအခါသူတို့ သည်နောင်တရ၍ ဤဗိမာန်တော်သို့မျက်နှာ မူကာစိတ်နှလုံးနှိမ့်ချလျက်ဆုတောင်း ပတ္ထနာပြုပါလျှင်၊-
Psalms 25:4အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏နည်းလမ်းတော်တို့ကို ကျွန်တော်မျိုးအားသွန်သင်တော်မူပါ။ ယင်းတို့ကိုကျွန်တော်မျိုးအားသိရှိနားလည် စေတော်မူပါ။
Psalms 25:12ထာဝရဘုရားကိုကြောက်ရွံ့ရိုသေသောသူ တို့သည် မိမိတို့လျှောက်အပ်သည့်လမ်းစဉ်ကို ကိုယ်တော်၏ထံမှသင်ယူကြလိမ့်မည်။
Psalms 32:8ထာဝရဘုရားက ``ငါသည်သင်လိုက်လျှောက်သင့်သည့်လမ်းကို ပြညွှန်မည်။ သင့်အားအကြံဉာဏ်ပေး၍ကြည့်ရှုပြုစုမည်။