Psalms 32:8
ထာဝရဘုရားက ``ငါသည်သင်လိုက်လျှောက်သင့်သည့်လမ်းကို ပြညွှန်မည်။ သင့်အားအကြံဉာဏ်ပေး၍ကြည့်ရှုပြုစုမည်။
Common Language Bible
In The King James Version
I will instruct thee and teach thee in the way which thou shalt go: I will guide thee with mine eye.
In Context
Cross References
Genesis 24:48ထိုနောက်ကျွန်ုပ်သည်ထာဝရဘုရားအား ဦးညွှတ်ရှိခိုး၍ကျွန်ုပ်သခင်၏သားအတွက် မယားရှိရာဆွေမျိုးသားချင်းတို့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပို့ဆောင်တော်မူသောကျွန်ုပ် သခင်အာဗြဟံ၏ဘုရားသခင်ထာဝရ ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းပါသည်။-
2 Samuel 22:33ဤဘုရားကားငါခိုလှုံရာခိုင်ခံ့သည့် ရဲတိုက်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ငါလိုက်လျှောက်ရာ ခရီးလမ်းကိုဘေးမဲ့လုံခြုံစေတော်မူ၏။
Psalms 25:8ထာဝရဘုရားသည်ကောင်းမြတ် ဖြောင့်မှန်တော်မူသဖြင့် အပြစ်ကူးသူတို့အားလျှောက်လိုက်သင့်သည် လမ်းကိုပြညွှန်တော်မူ၏။
Psalms 33:18ဘုရားသခင်သည်မိမိအားကြောက်ရွံ့ ရိုသေသော၊ ခိုင်မြဲသောမေတ္တာတော်ကိုကိုးစားသောသူ များအား ကြည့်ရှုစောင့်ထိန်းတော်မူ၏။
Psalms 143:8နံနက်ချိန်တိုင်း၌ကျွန်တော်မျိုးအား ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်ကို သတိရစေတော်မူပါ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကိုကိုးစားပါ၏။ ကျွန်တော်မျိုးလျှောက်သင့်သည့်လမ်းကို ပြညွှန်တော်မူပါ။
Proverbs 3:5ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။