2 ဓမ္မရာဇဝင်ပထမစောင် 1:13
ဟန္နသည်ဆိတ်ဆိတ်ဆုတောင်းပတ္ထနာပြု၍နေ သဖြင့် သူ၏နှုတ်ခမ်းတို့သည်လှုပ်ရှားလျက်ရှိ သော်လည်းအသံကားမထွက်။ သို့ဖြစ်၍သူ့ အားအရက်မူးသည်ဟုထင်မှတ်သဖြင့်၊-
Common Language Bible
In The King James Version
In Context
14ဧလိက``သင်သည်အဘယ်မျှကြာအရက်မူး လျက်နေပါသနည်း။ အရက်ကိုကြဉ်ရှောင် လော့'' ဟုဆို၏။
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 1
Cross References
Genesis 24:42``ကျွန်ုပ်သည်ရေတွင်းသို့ယနေ့ရောက်ရှိသော အခါ`အကျွန်ုပ်၏သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်ပြုလုပ်ရ မည့်အမှုကိစ္စကိုအောင်မြင်စေတော်မူပါ။-
Nehemiah 2:4ဧကရာဇ်မင်းက``အဘယ်အရာကိုတောင်း လိုပါသနည်း'' ဟုမေးတော်မူ၏။ ငါသည်ကောင်းကင်ဘုံရှင်ဘုရားသခင် ထံတော်သို့ဆုတောင်းပတ္ထနာပြုပြီးမှ၊-
Zechariah 9:15အနန္တတန်ခိုးရှင်ထာဝရဘုရားသည် မိမိ၏လူမျိုးတော်ကိုကာကွယ်စောင့်ထိန်း တော်မူလိမ့်မည်။ သူတို့သည်လည်းရန်သူများကို နှိမ်နင်းအောင်မြင်ကြလိမ့်မည်။ သူတို့သည်သေသောက်ကြူးများကဲ့သို့စစ် ပွဲတွင် ဟစ်အော်ကြလျက်ရန်သူများကိုသတ်ဖြတ် ကြလိမ့်မည်။ ထိုသူတို့၏သွေးသည်အင်တုံမှယဇ်ပလ္လင် ပေါ်သို့ သွန်းလောင်းလိုက်သည့်သွေးကဲ့သို့စီးဆင်း လာလိမ့်မည်။
Romans 8:26ထိုနည်းအတိုင်းပင်ဝိညာဉ်တော်သည်လည်း အားနည်းသော ငါတို့အားကူမရန်ကြွလာ တော်မူ၏။ ငါတို့သည်အဘယ်သို့ဆုတောင်း ရမည်ကိုမသိကြ။ နှုတ်ဖြင့်မြွက်ဆိုဖော်ပြ ရန်မဖြစ်နိုင်သောညည်းတွားသံဖြင့် ဝိညာဉ် တော်ကိုယ်တိုင်ပင်လျှင်ငါတို့အတွက် ဘုရားသခင်ထံအသနားခံတော်မူ၏။-