2 ဓမ္မရာဇဝင်ပထမစောင် 1:20
ဟန္နသည်ကိုယ်ဝန်ဆောင်၍သားယောကျာ်းကိုဖွား မြင်လေသည်။ သူက``ငါသည်ထာဝရဘုရား အားတောင်းခံသဖြင့်ဤသားကိုရ၏'' ဟုဆို ပြီးလျှင်ရှမွေလဟုနာမည်မှည့်လေသည်။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 1
Cross References
Genesis 4:25အာဒံနှင့်ဧဝတို့တွင်သားတစ်ယောက်ထပ်၍ ဖွား မြင်လေ၏။ ဧဝက``ကာဣနသတ်ခဲ့သောအာဗေလ အစား သားတစ်ယောက်ကိုဘုရားသခင်ကပေး တော်မူပြီ'' ဟုဆိုလျက်ထိုသားကိုရှေသဟု နာမည်မှည့်လေ၏။-
Genesis 16:11သင်သည်သားကိုဖွားမြင်လိမ့်မည်။ ထာဝရ ဘုရားသည်သင်၏ညည်းတွားသံကိုကြား တော်မူပြီ။ ထိုသားကိုဣရှမေလအမည် ဖြင့်မှည့်ခေါ်ရမည်။-
Genesis 30:6ရာခေလက``ဘုရားသခင်သည်ငါ့ဘက်၌ တရားစီရင်တော်မူပြီ။ ငါ၏ဆုတောင်းပတ္ထနာ ကိုနားညောင်း၍ငါ့အားသားကိုပေးသနား တော်မူပြီ'' ဟုဆိုလျက်ထိုသားကိုဒန်ဟူ၍ နာမည်မှည့်လေ၏။-
Exodus 2:10မင်းသမီးအားပြန်အပ်နိုင်သည့်အရွယ်သို့ ရောက်သောအခါ၊ မိခင်သည်ကလေးကိုမင်း သမီးထံသို့ပြန်အပ်ရာ၊ မင်းသမီးက ထို ကလေးငယ်ကိုသားအဖြစ်မွေးစား၍``ငါ သည်သူငယ်ကိုရေထဲမှထုတ်ယူရသည်'' ဟု ဆိုလျက်မောရှေဟုနာမည်မှည့်လေ၏။
1 Chronicles 4:10ယာဗက်သည်``အို ဘုရားသခင်၊ ကျွန်တော်မျိုး အားကောင်းချီးပေးတော်မူ၍ မြေယာအမြောက် အမြားကိုပေးသနားတော်မူပါ။ ကျွန်တော် မျိုးနှင့်အတူရှိတော်မူပါ။ ကျွန်တော်မျိုး အားဒုက္ခဝေဒနာဖြစ်စေမည့်မကောင်းမှု မှန်သမျှမှကင်းလွတ်စေတော်မူပါ'' ဟု ဣသရေလအမျိုးသားတို့၏ဘုရား ထံတော်တွင်ဆုတောင်းပတ္ထနာပြုလေသော ကြောင့် ဘုရားသခင်သည်ယာဗက်တောင်း လျှောက်သည့်ဆုများကိုပေးသနားတော် မူသတည်း။
Matthew 1:21သူသည်သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထို သားသည်မိမိလူမျိုးအားအပြစ်မှကယ်တင် မည့်အရှင်ဖြစ်သောကြောင့်သူ့ကိုယေရှုဟု နာမည်မှည့်ရမည်'' ဟုဆို၏။