2 ဓမ္မရာဇဝင်ပထမစောင် 1:26
ဟန္နကဧလိအား``အရှင်၊ ကျွန်မသည်အထက် ကအရှင်၏အနီး၌ရပ်လျက် ထာဝရဘုရား ထံသို့ဆုတောင်းပတ္ထနာပြုသောမိန်းမဖြစ် ပါ၏။-
Common Language Bible
In The King James Version
In Context
25နွားကိုသတ်ပြီးနောက်သူငယ်ကိုဧလိထံသို့ ယူဆောင်သွားကြ၏။-
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 1
Cross References
1 Samuel 17:55ဂေါလျတ်နှင့်စစ်ထိုးရန် ဒါဝိဒ်ထွက်သွားသည် ကိုရှောလုမြင်သောအခါ ဗိုလ်ချုပ်အာဗနာ အား``အာဗနာ၊ ထိုသူငယ်ကားအဘယ်သူ နည်း'' ဟုမေးတော်မူ၏။ အာဗနာက``အရှင်မင်းကြီး၊ အကျွန်ုပ်မသိပါ'' ဟုလျှောက်၏။
1 Samuel 25:26ရန်သူများကိုအရှင်ကိုယ်တိုင်သတ်ဖြတ်၍ လက် စားချေမှုကိုမပြုရန်ဆီးတားတော်မူသူမှာ ထာဝရဘုရားဖြစ်တော်မူပါ၏။ အရှင်၏ ရန်သူများသည်လည်းကောင်း၊ အရှင့်အားဘေး အန္တရာယ်ပြုလိုသူအပေါင်းတို့သည်လည်း ကောင်း နာဗလကဲ့သို့ပင်အပြစ်ဒဏ်စီရင် ခြင်းကိုခံရကြပါစေသောဟု အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည် ၍ကျွန်မကျိန်ဆိုပါ၏။-
2 Samuel 14:19မင်းကြီးက``ဤသို့ငါ့အားလျှောက်ထားရန် သင့်အားစေခိုင်းသူမှာယွာဘပေလော'' ဟု မေးတော်မူ၏။ အမျိုးသမီးက``အရှင်မင်းကြီး၊ အရှင်၏မေး ခွန်းကိုဖြေကြားရန်လွှဲဖယ်၍မဖြစ်နိုင်ကြောင်း ကျွန်တော်မကျိန်ဆိုလျှောက်ထားပါ၏။ မည်သို့ ပြုရမည်ကိုလည်းကောင်း၊ မည်သို့လျှောက်ထား ရမည်ကိုလည်းကောင်း သင်ကြားပေးသူမှာ ကိုယ်တော့်ကျွန်ယွာဘပင်ဖြစ်ပါ၏။-
2 Kings 2:4ထိုနောက်ဧလိယသည်ဧလိရှဲအား``ဤအရပ် တွင်နေရစ်ပါလော့။ ထာဝရဘုရားသည်ငါ့အား ယေရိခေါမြို့သို့စေလွှတ်တော်မူသည်'' ဟုဆို၏။ သို့ရာတွင်ဧလိရှဲက``အကျွန်ုပ်သည်အရှင်နှင့် ခွဲခွာလိမ့်မည်မဟုတ်ကြောင်း အသက်ရှင်တော် မူသောထာဝရဘုရားနှင့်အရှင့်အပေါ်၌ အကျွန်ုပ်ထားရှိသည့်ကျေးဇူးသစ္စာကိုတိုင် တည်၍ကျိန်ဆိုပါ၏'' ဟုပြန်ပြောလေ၏။ သို့ ဖြစ်၍သူတို့သည်ယေရိခေါမြို့သို့သွား ကြ၏။
2 Kings 4:30အမျိုးသမီးကဧလိရှဲအား``အသက်ရှင် တော်မူသောထာဝရဘုရားနှင့်အရှင်၏အပေါ် တွင်ကျွန်မထားရှိသောကျေးဇူးသစ္စာကိုတိုင် တည်၍ အရှင်မပါကကျွန်မသွားမည်မဟုတ် ပါ'' ဟုပြော၏။ သို့ဖြစ်၍ဧလိရှဲသည်ထ၍ သူနှင့်အတူလိုက်သွားလေသည်။-