1 ဓမ္မရာဇဝင်ပထမစောင် 14:19
မင်းကြီးက``ဤသို့ငါ့အားလျှောက်ထားရန် သင့်အားစေခိုင်းသူမှာယွာဘပေလော'' ဟု မေးတော်မူ၏။ အမျိုးသမီးက``အရှင်မင်းကြီး၊ အရှင်၏မေး ခွန်းကိုဖြေကြားရန်လွှဲဖယ်၍မဖြစ်နိုင်ကြောင်း ကျွန်တော်မကျိန်ဆိုလျှောက်ထားပါ၏။ မည်သို့ ပြုရမည်ကိုလည်းကောင်း၊ မည်သို့လျှောက်ထား ရမည်ကိုလည်းကောင်း သင်ကြားပေးသူမှာ ကိုယ်တော့်ကျွန်ယွာဘပင်ဖြစ်ပါ၏။-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 14
Cross References
Exodus 4:15သင်ပြောရမည့်စကားကိုသူ့အားပြောပြ လော့။ ငါသည်သင်တို့နှစ်ဦးမည်သို့ပြောဆို ပြုလုပ်ရမည်ကိုသွန်သင်မည်။-
Deuteronomy 5:32``ဣသရေလအမျိုးသားတို့၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း လိုက်နာရမည်။ မည်သည့်ပညတ်တော်ကိုမျှမချိုး ဖောက်နှင့်။-
Joshua 1:7အားမာန်တင်း၍ရဲရင့်ခြင်းရှိလော့။ ငါ၏ အစေခံမောရှေပေးသောပညတ်အားလုံး ကိုတစ်သဝေမတိမ်းစောင့်ထိန်းလော့။ ပညတ် ရှိသမျှကိုတစ်ခုမကျန်စောင့်ထိန်းလျှင် သင်သည်ကြံတိုင်းအောင်လိမ့်မည်။-
1 Samuel 17:55ဂေါလျတ်နှင့်စစ်ထိုးရန် ဒါဝိဒ်ထွက်သွားသည် ကိုရှောလုမြင်သောအခါ ဗိုလ်ချုပ်အာဗနာ အား``အာဗနာ၊ ထိုသူငယ်ကားအဘယ်သူ နည်း'' ဟုမေးတော်မူ၏။ အာဗနာက``အရှင်မင်းကြီး၊ အကျွန်ုပ်မသိပါ'' ဟုလျှောက်၏။
1 Samuel 25:26ရန်သူများကိုအရှင်ကိုယ်တိုင်သတ်ဖြတ်၍ လက် စားချေမှုကိုမပြုရန်ဆီးတားတော်မူသူမှာ ထာဝရဘုရားဖြစ်တော်မူပါ၏။ အရှင်၏ ရန်သူများသည်လည်းကောင်း၊ အရှင့်အားဘေး အန္တရာယ်ပြုလိုသူအပေါင်းတို့သည်လည်း ကောင်း နာဗလကဲ့သို့ပင်အပြစ်ဒဏ်စီရင် ခြင်းကိုခံရကြပါစေသောဟု အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည် ၍ကျွန်မကျိန်ဆိုပါ၏။-
2 Samuel 3:29ထိုအမှုအတွက်ယွာဘနှင့် သူ၏အိမ်ထောင် စုဝင်အပေါင်းတို့အပြစ်ဒဏ်သင့်ကြပါစေ သော။ သူ၏ဆွေစဉ်မျိုးဆက်တိုင်း၌ရိနာ စွဲသူ၊ နူနာစွဲသူ၊ ခါးကုန်းချည့်နဲ့သူ၊ ဋ္ဌား ဘေးသင့်သူ၊ ငတ်မွတ်သူရှိပါစေသော'' ဟု မြွက်ဆိုတော်မူ၏။-