2 ဓမ္မရာဇဝင်ပထမစောင် 11:6
ထိုသတင်းကိုရှောလုကြားရချိန်၌ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ ၏အပေါ်သို့သက်ရောက်တော်မူသဖြင့် သူသည်ပြင်းစွာအမျက်ထွက်ကာ၊-
Common Language Bible
In The King James Version
And the Spirit of God came upon Saul when he heard those tidings, and his anger was kindled greatly.
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 11
Cross References
Exodus 32:19မောရှေသည်စခန်းအနီးသို့ရောက်ရှိသော အခါ၊ နွားငယ်ရုပ်ကိုလည်းကောင်း၊ လူများ ကခုန်နေသည်ကိုလည်းကောင်း၊ တွေ့မြင်ရ လျှင်၊ အလွန်အမျက်ထွက်သဖြင့်၊ သူယူ ဆောင်ခဲ့သောကျောက်ပြားများကိုတောင် ခြေရင်း၌ပစ်ချလိုက်ရာအပိုင်းပိုင်းကျိုး ကုန်၏။-
Judges 3:10ထာဝရဘုရား၏ဝိညာဉ်တော်သည်သူ့ အပေါ်သို့သက်ရောက်သဖြင့် သူသည် ဣသရေလအမျိုးသားတို့၏ခေါင်းဆောင် ဖြစ်လာလေသည်။ သြသံယေလသည်စစ် ချီတိုက်ခိုက်ရာထာဝရဘုရားသည်သူ့ အားမေသောပေါတာမိဘုရင်ကိုနှိမ်နင်း အောင်မြင်စေတော်မူ၏။-
Judges 11:29ထိုအခါထာဝရဘုရား၏ဝိညာဉ်တော် သည် ယေဖသအပေါ်သို့သက်ရောက်တော် မူ၏။ ယေဖသသည်ဂိလဒ်ပြည်နှင့်မနာ ရှေပြည်တစ်လျှောက်သို့သွားပြီးလျှင် ဂိလဒ် ပြည်မိဇပါမြို့သို့ပြန်လာသည်။ ထို နောက်အမ္မုန်ပြည်သို့ချီတက်လေ၏။-
Judges 14:6ထာဝရဘုရား၏တန်ခိုးတော်သည်သူ့အား ရုတ်တရက်သန်စွမ်း၍လာစေတော်မူ၏။ သို့ ဖြစ်၍ရှံဆုန်သည်မိမိ၏လက်နှစ်ဘက်တည်း ဖြင့် ထိုခြင်္သေ့အားဆိတ်ငယ်ကလေးကိုဆွဲဖဲ့ သကဲ့သို့ဆွဲဖဲ့ပစ်လိုက်လေသည်။ သို့ရာတွင် သူသည်မိမိပြုခဲ့သည့်အမှုကိုမိဘတို့ အားမပြောဘဲနေ၏။
1 Samuel 10:10ရှောလုနှင့်သူ၏အစေခံသည်ဂိဗာမြို့ သို့ရောက်ရှိကြသောအခါ ပရောဖက်တစ် စုသည်သူတို့အားဆီးကြိုကြ၏။ ထာဝရ ဘုရား၏ဝိညာဉ်တော်သည်ရှောလုအပေါ် သို့သက်ရောက်သဖြင့်သူသည်ပရောဖက် များနှင့်အတူပါဝင်ကခုန်ဟစ်အော် လေသည်။-
Mark 3:5ထိုသူတို့မှာသနားကြင်နာစိတ်ကင်းမဲ့သည့် အတွက် ကိုယ်တော်သည်ဝမ်းနည်း၍အမျက်ထွက် လျက်သူတို့အားလှည့်ကြည့်တော်မူပြီးလျှင် လက်သေသူအား ``သင်၏လက်ကိုဆန့်လော့'' ဟုမိန့်တော်မူ၏။-