2 ဓမ္မရာဇဝင်ပထမစောင် 14:24
ရှောလုက``ယနေ့ရန်သူတို့အားငါလက်စား မချေရမီ အစားအစာစားသောက်သူသည် ကျိန်စာသင့်ပါစေသတည်း'' ဟုကျိန်ဆိုထား သဖြင့်ထိုနေ့၌ဣသရေလအမျိုးသားတို့ သည် ဆာလောင်မွတ်သိပ်ကာနွမ်းနယ်လျက်ရှိ ကြ၏။ တစ်နေ့လုံးအဘယ်သူမျှအစား အစာမစားရကြ။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 14
Cross References
Leviticus 5:4တစ်စုံတစ်ယောက်သောသူသည် မည်သည့်ကိစ္စ မျိုး၌မဆိုအကျိုးအပြစ်ကိုမဆင်ခြင်ဘဲ ကျိန်ဆိုမိလျှင် ယင်းသို့ကျိန်ဆိုမိကြောင်း သိလျှင်သိချင်းသူသည်အပြစ်ကူးလွန် ရာရောက်သည်။
Numbers 21:2ထိုအခါဣသရေလအမျိုးသားတို့က``ကိုယ် တော်သည်အကျွန်ုပ်တို့အားဤသူတို့ကိုတိုက် ခိုက်အောင်မြင်စေတော်မူလျှင် သူတို့နှင့်သူတို့ ၏မြို့များကိုကိုယ်တော်အားအပြီးအပိုင် ဆက်ကပ်သောပူဇော်သကာအဖြစ်ဖျက်ဆီး ပစ်ပါမည်'' ဟုထာဝရဘုရားအားသစ္စာ ကတိပြုကြလေသည်။-
Joshua 6:17မြို့နှင့်တကွမြို့တွင်း၌ရှိသမျှသောဥစ္စာ ပစ္စည်းတို့သည်ထာဝရဘုရားအတွက် ပူဇော် သကာအဖြစ်လုံးဝဖျက်ဆီးပစ်ရမည်။ ပြည့် တန်ဆာမရာခပ်သည်ငါတို့၏သူလျှိုများ ကိုဝှက်ထားခဲ့သောကြောင့် သူနှင့်သူ၏အိမ် သူအိမ်သားတို့ကိုသာလျှင်အသက်ချမ်း သာပေးရမည်။-
Judges 1:28ဣသရေလအမျိုးသားတို့သည်ပို၍အင်အား တောင့်တင်းလာသောအခါ ခါနာန်အမျိုးသား တို့အားချွေးတပ်ဆွဲကြ၏။ သို့ရာတွင်သူတို့ အားနှင်ထုတ်ခြင်းကိုမူမပြုကြ။
Judges 11:30သူသည်ထာဝရဘုရားအားဤသို့သစ္စာ ကတိပြု၏။ ``အကယ်၍ကိုယ်တော်သည် အကျွန်ုပ်ကိုအမ္မုန်အမျိုးသားတို့အပေါ် ၌အောင်ပွဲခံစေတော်မူမည်ဆိုပါက၊-
Judges 21:5သူတို့က``ဣသရေလလူမျိုးအနွယ်အပေါင်း တို့အနက်မိဇပါမြို့ရှိ ထာဝရဘုရား၏ ရှေ့တော်သို့မလာမရောက်ဘဲနေခဲ့သည့်လူ စုရှိပါသလော'' ဟုမေးမြန်းကြ၏။ (အဘယ် ကြောင့်ဆိုသော်မိဇပါမြို့ထာဝရဘုရား ထံတော်သို့မလာမရောက်ဘဲနေသောသူ သည်သေဒဏ်ခံစေဟုကျိန်ဆိုကတိပြု ခဲ့ကြသောကြောင့်ဖြစ်၏။-)