ဝတ်ပြုရာကျမ်း 5:4
တစ်စုံတစ်ယောက်သောသူသည် မည်သည့်ကိစ္စ မျိုး၌မဆိုအကျိုးအပြစ်ကိုမဆင်ခြင်ဘဲ ကျိန်ဆိုမိလျှင် ယင်းသို့ကျိန်ဆိုမိကြောင်း သိလျှင်သိချင်းသူသည်အပြစ်ကူးလွန် ရာရောက်သည်။
Common Language Bible
In The King James Version
In Context
5တစ်စုံတစ်ယောက်သောသူသည် အပြစ်ကူး လွန်လျှင် အပြစ်ကူးလွန်ကြောင်းဝန်ခံရ မည်။-
Cross References
Numbers 30:8သူ၏ခင်ပွန်းကြား၍တားမြစ်လျှင်မူကား သူသည်ကတိသစ္စာအတိုင်းဆောင်ရွက်ရန် မလို။ ထာဝရဘုရားသည်သူ့ကိုခွင့်လွှတ် တော်မူမည်။
Joshua 9:15ယောရှုသည်သူတို့နှင့်ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆို၍သူတို့အားအသက်ချမ်းသာပေး လေ၏။ ဣသရေလအကြီးအကဲတို့ကလည်း ငြိမ်းချမ်းရေးစာချုပ်ကိုတည်စေမည်ဟုကတိ သစ္စာပြုကြ၏။
Judges 11:31အကျွန်ုပ်အားခရီးဦးကြိုပြုရန်အိမ်မှ ဦးစွာပထမထွက်လာသူအား မီးရှို့ရာ ယဇ်အဖြစ်ဖြင့်ကိုယ်တော်အားပူဇော်ဆက် သပါမည်။''
Judges 21:18သို့ရာတွင်ငါတို့သည်မိမိတို့၏သမီးများ နှင့်သူတို့အားထိမ်းမြားစုံဖက်ခွင့်လည်းမ ပြုနိုင်။ အဘယ်ကြောင့်ဆိုသော်ယင်းသို့စုံဖက် ရန်ခွင့်ပြုသူသည် ငါတို့၏ကျိန်စာသင့်မည် ဖြစ်သောကြောင့်တည်း'' ဟုဆွေးနွေးတိုင်ပင် ကြလေသည်။
1 Samuel 14:24ရှောလုက``ယနေ့ရန်သူတို့အားငါလက်စား မချေရမီ အစားအစာစားသောက်သူသည် ကျိန်စာသင့်ပါစေသတည်း'' ဟုကျိန်ဆိုထား သဖြင့်ထိုနေ့၌ဣသရေလအမျိုးသားတို့ သည် ဆာလောင်မွတ်သိပ်ကာနွမ်းနယ်လျက်ရှိ ကြ၏။ တစ်နေ့လုံးအဘယ်သူမျှအစား အစာမစားရကြ။-