2 ဓမ္မရာဇဝင်ပထမစောင် 14:27
ယောနသန်မူကားခမည်းတော်ကျိန်ဆဲခဲ့ သည်ကိုမကြားခဲ့ပေ။ ထို့ကြောင့်သူသည် မိမိတွင်ပါသောတုတ်ချောင်းဖြင့် ပျားလပို့ တွင်နှစ်၍ပျားရည်အနည်းငယ်ကိုစားလေ သည်။ ထိုအခါသူသည်ချက်ချင်းပင်လန်း ဆန်း၍လာ၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 14
Cross References
1 Samuel 14:29ယောနသန်က``ငါတို့အမျိုးသားများအား ခမည်းတော်ပြုသောအမှုသည်ဆိုးရွားလှ ပါသည်တကား။ ပျားရည်အနည်းငယ်ကို စားရသဖြင့်ငါအဘယ်မျှလန်းဆန်းလာ သည်ကိုကြည့်လော့။-
1 Samuel 30:12သင်္ဘောသဖန်းသီးခြောက်အနည်းငယ်နှင့် စပျစ် သီးခြောက်နှစ်ပြွတ်ကိုလည်းကောင်းပေးကြ၏။ လူငယ်သည်ထိုအစားအစာများကိုစားပြီး နောက်ပြန်၍အားပြည့်လာလေသည်။ သူသည် သုံးရက်တိုင်တိုင်မည်သည့်အစာရေစာမျှ မစားမသောက်ခဲ့ရ။-
Proverbs 25:26ဖြောင့်မတ်သောသူသည် မတရားသောသူရှေ့ တွင် မှားယွင်းလျှင်၊ နောက်သောရေကန်၊ ပုပ်သောစမ်း ရေတွင်းနှင့်တူ၏။