2 ဓမ္မရာဇဝင်ပထမစောင် 30:12
သင်္ဘောသဖန်းသီးခြောက်အနည်းငယ်နှင့် စပျစ် သီးခြောက်နှစ်ပြွတ်ကိုလည်းကောင်းပေးကြ၏။ လူငယ်သည်ထိုအစားအစာများကိုစားပြီး နောက်ပြန်၍အားပြည့်လာလေသည်။ သူသည် သုံးရက်တိုင်တိုင်မည်သည့်အစာရေစာမျှ မစားမသောက်ခဲ့ရ။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 30
Cross References
1 Samuel 14:27ယောနသန်မူကားခမည်းတော်ကျိန်ဆဲခဲ့ သည်ကိုမကြားခဲ့ပေ။ ထို့ကြောင့်သူသည် မိမိတွင်ပါသောတုတ်ချောင်းဖြင့် ပျားလပို့ တွင်နှစ်၍ပျားရည်အနည်းငယ်ကိုစားလေ သည်။ ထိုအခါသူသည်ချက်ချင်းပင်လန်း ဆန်း၍လာ၏။-
Esther 4:16``ရှုရှန်မြို့တွင်ရှိသမျှသောယုဒအမျိုး သားတို့ကိုစုရုံးပြီးလျှင် ကျွန်မအတွက် အစာရှောင်စေ၍ နေ့ညဥ့်မပြတ်သုံးရက် ပတ်လုံးမစားမသောက်ဘဲနေကြပါစေ။ ကျွန်မနှင့်ကျွန်မ၏အပျိုတော်တို့သည် လည်းအစာရှောင်ကြပါမည်။ ထိုနောက်တရား ဥပဒေကူးလွန်၍သေဒဏ်ခံရစေကာမူ မင်းကြီးထံသို့ကျွန်မဝင်ပါမည်'' ဟုပြန် ကြားလိုက်၏။
Jonah 1:17ထိုနောက်ဘုရားသခင်အမိန့်ပေးသဖြင့်ငါးကြီးတစ်ကောင်သည်ယောနကိုမျိုလေ၏။ ယောနလည်းငါးကြီး၏ဝမ်းဗိုက်တွင်း၌သုံးရက်ပတ်လုံးနေရ၏။