2 ဓမ္မရာဇဝင်ပထမစောင် 14:45
သို့ရာတွင်လူတို့ကရှောလုအား``ဣသရေလ အမျိုးသားတို့ကိုအောင်ပွဲကိုခံစေသော ယောနသန်အားသေဒဏ်ပေးပါမည်လော။ သူ၏ဦးခေါင်းမှဆံခြည်တစ်ပင်မျှမြေသို့ မကျစေရန် အကျွန်ုပ်တို့သည်အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည် ၍ကတိပြုပါ၏။ ယနေ့သူပြုသောအမှု သည် ဘုရားသခင်၏အကူအညီဖြင့်ပြု သောအမှုဖြစ်ပါ၏'' ဟုလျှောက်ထားကြ ၏။ ဤသို့လျှင်လူတို့သည်ယောနသန်အား သေဘေးမှကယ်လိုက်ကြသတည်း။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 14
Cross References
1 Samuel 11:13သို့ရာတွင်ရှောလုက``ဤနေ့သည်ဣသရေလ အမျိုးသားတို့အား ထာဝရဘုရားကယ်ဆယ် တော်မူသောနေ့ဖြစ်၏။ ယနေ့အဘယ်သူကို မျှမသတ်ရ'' ဟုဆို၏။-
1 Samuel 19:5သူသည်မိမိအသက်ကိုစွန့်၍ဂေါလျတ်ကို သတ်ခဲ့ပါ၏။ ဤနည်းအားဖြင့်ထာဝရဘုရား သည် ဣသရေလအမျိုးသားတို့အားအောင်ပွဲ ကြီးတစ်ရပ်ကိုခံစေတော်မူခဲ့ပါ၏။ ထို အချင်းအရာကိုအရှင်မြင်တော်မူသော အခါဝမ်းမြောက်တော်မူခဲ့ပါ၏။ သို့သော် လည်းအရှင်သည်အပြစ်မရှိသူတစ်ယောက် အား အဘယ်ကြောင့်ပြစ်မှားလိုပါသနည်း။ အဘယ်ကြောင့်ဒါဝိဒ်ကိုအကြောင်းမဲ့သတ် တော်မူလိုပါသနည်း'' ဟုလျှောက်၏။
1 Kings 1:52ရှောလမုန်က``သူသည်သစ္စာရှိသူဖြစ်ပါ လျှင် သူ၏ဦးခေါင်းမှဆံခြည်တစ်ပင်ကို မျှလက်ဖျားနှင့်ထိလိမ့်မည်မဟုတ်။ သစ္စာ မဲ့သူဖြစ်လျှင်မူကားသေဒဏ်ခံရမည်'' ဟုဆို၏။-
Nehemiah 9:27သို့ဖြစ်၍ကိုယ်တော်ရှင်သည်ရန်သူတို့အား သူတို့ကိုနှိမ်နင်းအုပ်စိုးခွင့်ပေးတော်မူ ပါ၏။ သူတို့သည်ဒုက္ခရောက်သဖြင့်ကူမတော်မူပါဟု အထံတော်သို့အော်ဟစ်ကြပါ၏။ ထိုအခါကိုယ်တော်သည်ကောင်းကင်ဘုံမှ ကြားတော်မူ၍ ကရုဏာတော်ကြီးမားသည်နှင့်အညီ သူတို့အားရန်သူများလက်မှကယ်ဆယ်ရန် ခေါင်းဆောင်များကိုစေလွှတ်တော်မူပါ၏။
Isaiah 29:20သူတစ်ပါးတို့ကိုဖိနှိပ်ချုပ်ချယ်ကာဘုရားသခင်အား မထီမဲ့မြင်ပြုသောသူတို့သည် အစတုံးကြလိမ့်မည်။ အပြစ်ကူးလွန်သူ မှန်သမျှသည်ဆုံးပါးပျက်စီးကြလိမ့်မည်။-
Luke 21:18သို့ရာတွင်သင်တို့ဦးခေါင်းကဆံပင်တစ်ပင် မျှပျက်စီးရလိမ့်မည်မဟုတ်။-