ရှင်လုကာခရစ်ဝင် 21:18
သို့ရာတွင်သင်တို့ဦးခေါင်းကဆံပင်တစ်ပင် မျှပျက်စီးရလိမ့်မည်မဟုတ်။-
Common Language Bible
In The King James Version
But there shall not an hair of your head perish.
In Context
17ငါ၏နာမကြောင့်သင်တို့ကိုလူအပေါင်းတို့ မုန်းကြလိမ့်မည်။-
19သင်တို့သည်ကြံ့ကြံ့ခံနိုင်ရည်ရှိကြလော့။ သို့ပြုလျှင်ကယ်တင်ခြင်းခံရကြလိမ့်မည်။
Read all of ရှင်လုကာခရစ်ဝင် 21
Cross References
1 Samuel 14:45သို့ရာတွင်လူတို့ကရှောလုအား``ဣသရေလ အမျိုးသားတို့ကိုအောင်ပွဲကိုခံစေသော ယောနသန်အားသေဒဏ်ပေးပါမည်လော။ သူ၏ဦးခေါင်းမှဆံခြည်တစ်ပင်မျှမြေသို့ မကျစေရန် အကျွန်ုပ်တို့သည်အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည် ၍ကတိပြုပါ၏။ ယနေ့သူပြုသောအမှု သည် ဘုရားသခင်၏အကူအညီဖြင့်ပြု သောအမှုဖြစ်ပါ၏'' ဟုလျှောက်ထားကြ ၏။ ဤသို့လျှင်လူတို့သည်ယောနသန်အား သေဘေးမှကယ်လိုက်ကြသတည်း။
2 Samuel 14:11အမျိုးသမီးကလည်း``အရှင်မင်းကြီး၊ ကျွန် တော်မ၏သားကြီးအတွက်လက်စားချေရန် ကြံစည်နေကြသောဆွေမျိုးတို့သည် ကျွန်တော် မ၏သားငယ်ကိုသတ်ခြင်းအားဖြင့် ပိုမိုကြီး လေးသည့်ရာဇဝတ်မှုကိုမပြုကြစေရန် အရှင်၏ဘုရားသခင်ထာဝရဘုရားအား ဆုတောင်းပတ္ထနာပြုတော်မူပါ'' ဟုလျှောက်၏။ ထိုအခါဒါဝိဒ်က``သင်၏သားငယ်သည်စိုး စဉ်းမျှဘေးဥပဒ်မဖြစ်စေရန် အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည်၍ ငါကတိပြု၏'' ဟုဆို၏။
Luke 12:7သင်တို့ဦးခေါင်းကဆံပင်များကိုပင်လျှင် အကုန်အစင်ရေတွက်ထားတော်မူပြီ။ ထို့ ကြောင့်မကြောက်ကြနှင့်။ သင်တို့ကားစာ ငှက်များထက်များစွာအဖိုးတန်၏။