2 ဓမ္မရာဇဝင်ပထမစောင် 15:12
နံနက်စောစော၌ရှောလုကိုရှာရန်ထွက်ခွာ သွား၏။ ရှောလုသည်ကရမေလမြို့သို့သွား ၍ မိမိအတွက်အမှတ်တရကျောက်တိုင်ကို တည်ဆောက်ကြောင်း၊ ထိုမှတစ်ဆင့်ဂိလဂါလ မြို့သို့ထွက်ခွာသွားကြောင်းရှမွေလကြား သိရ၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 15
Cross References
Joshua 4:8ထိုသူတို့သည်ယောရှုစေခိုင်းသမျှကို ဆောင်ရွက်ကြ၏။ ထာဝရဘုရားသည်ယောရှု အားမိန့်မှာတော်မူသည့်အတိုင်း သူတို့သည် ဣသရေလတစ်နွယ်လျှင်ကျောက်တုံးတစ် တုံးကျဖြင့်ကျောက်တုံးတစ်ဆယ့်နှစ်တုံး ကို ယော်ဒန်မြစ်လယ်မှသယ်ဆောင်၍စခန်း တွင်း၌ချထားကြ၏။-
1 Samuel 7:12ထိုနောက်ရှမွေလသည်ကျောက်တုံးတစ်ခုကို ယူ၍ မိဇပါမြို့နှင့်ရှင်မြို့စပ်ကြားတွင်စိုက်ထူ ကာ``ထာဝရဘုရားသည်ငါတို့အားယနေ့ တိုင်အောင်ကူမတော်မူလေပြီ'' ဟုဆိုပြီးလျှင် ထိုကျောက်တုံးကို``ကူမတော်မူရာကျောက်'' (ဧဗနေဇာ) ဟုနာမည်မှည့်လေသည်။-
1 Samuel 25:2ကာလက်သားချင်းစုတွင်မောနမြို့သား နာဗလဆိုသူလူတစ်ယောက်ရှိ၏။ သူသည် ကရမေလမြို့အနီးတွင်နေထိုင်သောမြေ ပိုင်ရှင်ဖြစ်သည်။ သူသည်သိုးသုံးထောင်နှင့် ဆိတ်တစ်ထောင်ကိုပိုင်သဖြင့် အလွန်ကြွယ်ဝ ချမ်းသာသူဖြစ်၏။ သူ၏ဇနီးအဘိဂဲလ သည်အဆင်းလှ၍ ပညာအမြော်အမြင်ရှိ သူအမျိုးသမီးဖြစ်၏။ နာဗလမူကား သဘောယုတ်၍ရိုင်းပြသူဖြစ်သတည်း။ နာဗလသည်ကရမေလမြို့တွင်မိမိ၏သိုး များကိုအမွေးညှပ်လျက်နေ၏။-
2 Chronicles 26:10မင်းကြီးသည်အနောက်ဘက်တောင်ခြေရင်းရှိ တောင်ပူစာများနှင့် လွင်ပြင်များတွင်နွားအုပ် ကြီးများမွေးမြူထားသဖြင့် တောကန္တာရရှိ မြို့များကိုမျှော်စင်များနှင့်တကွတံတိုင်း ကာ၍ရေလှောင်ကန်အမြောက်အမြားကိုတူး တော်မူ၏။ မင်းကြီးသည်လယ်ယာစိုက်ပျိုးမှု ကိုဝါသနာပါသဖြင့် တောင်ကုန်းဒေသများ တွင်စပျစ်ဥယျာဉ်များစိုက်ပျိုးမှု၊ မြေ ကောင်းမြေသန့်များတွင်လယ်ယာများ စိုက်ပျိုးမှုကိုအားပေးတော်မူလေသည်။