2 ဓမ္မရာဇဝင်ပထမစောင် 15:9
သို့ရာတွင်ရှောလုနှင့်သူ၏တပ်သားတို့သည် အာဂတ်ကို အသက်ချမ်းသာပေး၍အဆူဖြိုး ဆုံးသောသိုးနွားများ၊ အလှဆုံးသောနွား သူငယ်သိုးသူငယ်များနှင့် ကောင်းမွန်သည့် အရာရှိသမျှတို့ကိုမဖျက်မဆီးကြ။ အသုံးမဝင်သောအရာ၊ တန်ဖိုးမရှိသော အရာများကိုသာလျှင်ဖျက်ဆီးပစ်ကြ လေသည်။
Common Language Bible
In The King James Version
In Context
8သူသည်အာမလက်ဘုရင်အာဂတ်ကိုလက်ရ ဖမ်းဆီးမိ၏။ လူအပေါင်းတို့ကိုမူသုတ်သင် ပစ်၏။-
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 15
Cross References
Joshua 7:21အကျွန်ုပ်တို့သိမ်းယူခဲ့သောပစ္စည်းများထဲ တွင်လှပသောဗာဗုလုန်ဝတ်ရုံ၊ ငွေချိန်ငါး ပေါင်ခန့်နှင့်အချိန်တစ်ပေါင်ကျော်ခန့်ရှိ သောရွှေချောင်းကိုတွေ့ရ၍ လိုချင်မက်မော လှသဖြင့်ယူမိပါသည်။ အကျွန်ုပ်၏တဲထဲ တွင်ငွေကိုအောက်ဆုံး၌ထား၍မြှုပ်ထား ပါသည်'' ဟုယောရှုအားလျှောက်ထားလေ၏။
1 Samuel 15:15ရှောလုက``အကျွန်ုပ်၏လူတို့သည်ထိုသိုး နွားများကိုအာမလက်အမျိုးသားတို့ထံ မှသိမ်းယူခဲ့ကြပါ၏။ သူတို့သည်အဆူ ဖြိုးဆုံးသောသိုးနွားတို့ကို အရှင်ဘုရားသခင်ထာဝရဘုရားအားယဇ်ပူဇော်ရန် ထားရှိကြပါ၏။ အခြားကျန်ရှိသည့် အရာများကိုမူလုံးဝဖျက်ဆီး လိုက်ကြပါပြီ'' ဟုဖြေကြား၏။
1 Samuel 28:18သင်သည်ထာဝရဘုရား၏အမိန့်တော်ကို လွန်ဆန်၍ အာမလက်အမျိုးသားများနှင့် သူတို့၏ပစ္စည်းဥစ္စာရှိသမျှတို့ကိုအကုန် အစင်မဖျက်ဆီးသဖြင့် ယခုထာဝရ ဘုရားသည်သင့်အားဤသို့ဒဏ်ခတ်တော် မူခြင်းဖြစ်၏။-
1 Kings 20:34ဗင်္ဟာဒဒ်က``အရှင့်ခမည်းတော်၏လက်မှအကျွန်ုပ် ၏ခမည်းတော်သိမ်းယူခဲ့သောမြို့များကို အရှင့် အားပြန်လည်ပေးအပ်ပါမည်။ အကျွန်ုပ်၏ခမည်း တော်သည်ရှမာရိမြို့တွင်ကုန်သွယ်ရေးဌာနကို ထားရှိခဲ့သည့်နည်းတူ အရှင်သည်လည်းဒမာ သက်မြို့တွင်ကုန်သွယ်ရေးဌာနထားရှိနိုင်ပါ သည်'' ဟုဆို၏။ အာဟပ်က``ဤသဘောတူညီချက်များအရ သင်၏အသက်ကိုချမ်းသာပေးမည်'' ဟုဆို၏။ ထိုနောက်သူသည်ဗင်္ဟာဒဒ်နှင့်မဟာမိတ်စာချုပ် ချုပ်ဆိုပြီးလျှင် ဗင်္ဟာဒဒ်အားသွားခွင့်ပြုတော် မူ၏။