ယောရှုမှတ်စာ 7:21
အကျွန်ုပ်တို့သိမ်းယူခဲ့သောပစ္စည်းများထဲ တွင်လှပသောဗာဗုလုန်ဝတ်ရုံ၊ ငွေချိန်ငါး ပေါင်ခန့်နှင့်အချိန်တစ်ပေါင်ကျော်ခန့်ရှိ သောရွှေချောင်းကိုတွေ့ရ၍ လိုချင်မက်မော လှသဖြင့်ယူမိပါသည်။ အကျွန်ုပ်၏တဲထဲ တွင်ငွေကိုအောက်ဆုံး၌ထား၍မြှုပ်ထား ပါသည်'' ဟုယောရှုအားလျှောက်ထားလေ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 6:2အထက်ဘုံသား အချို့တို့သည်လူသမီးများရုပ်အဆင်းလှ သည်ကိုမြင်၍ မိမိတို့နှစ်သက်ရာကိုရွေးယူ စုံဖက်ကြ၏။-
Genesis 34:27ယာကုပ်၏အခြားသောသားတို့ကလည်းသူ တို့၏နှမအသရေဖျက်ခံရခြင်းကိုလက်စား ချေရန် မိမိတို့သတ်ခဲ့သောသူတို့ထံသွား၍မြို့ ကိုလုယက်ဖျက်ဆီးကြလေသည်။-
Deuteronomy 7:25သူတို့၏ရုပ်တုများကိုမီးရှို့ပစ်လော့။ ထိုရုပ်တု များတွင်မွမ်းမံထားသောရွှေငွေကိုတပ်မက်၍ သင်တို့အဖို့မယူကြနှင့်။ ထာဝရဘုရားသည် ရုပ်တုကိုးကွယ်ခြင်းကိုရွံရှာမုန်းတီးတော်မူ သဖြင့် ရုပ်တုများမှရွှေငွေကိုယူမိလျှင်သင် တို့အတွက်ကျော့ကွင်းသဖွယ်ဖြစ်လိမ့်မည်။-
2 Samuel 11:6ထိုအခါဒါဝိဒ်သည်``ဟိတ္တိအမျိုးသားဥရိယ အားငါ့ထံသို့စေလွှတ်လော့'' ဟုယွာဘထံသို့ လူလွှတ်မှာကြားတော်မူ၏။ သို့ဖြစ်၍ယွာဘ သည်ဥရိယအားဒါဝိဒ်ထံသို့စေလွှတ်လိုက် လေသည်။-
2 Kings 5:20ဧလိရှဲ၏အစေခံဂေဟာဇိက``ငါ့သခင်သည် နေမန်ထံမှအဘယ်အရာကိုမျှမယူဘဲ သူ့ အားထွက်ခွာသွားခွင့်ပြုလေပြီတကား။ သခင် သည်ရှုရိအမျိုးသားပေးလှူသည့်ပစ္စည်းများ ကိုလက်ခံသင့်သည်။ ငါသည်နေမန်၏နောက်သို့ ပြေး၍လိုက်ပြီးလျှင် သူ့ထံမှပစ္စည်းတစ်စုံတစ် ရာကိုရအောင်ယူမည်ဖြစ်ကြောင်း အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုပါ၏'' ဟုတစ်ကိုယ်တည်းပြောဆိုကာ၊-
Job 31:1ငါသည်အပျိုကိုမျှမကြည့်ရှုမည်အကြောင်း၊ ကိုယ်မျက်စိနှင့် ပဋိညာဉ်ဝန်ခံခြင်းကို ပြုပြီ။